Friday, November 4, 2016

အကြမ်းဖက်စီးနင်းသူများကို ကူးတို့ပို့သူနှစ်ဦးနှင့် ပါဝင်ပတ်သက်သူ တစ်ဦးကို ဖမ်းဆီး

နိရဉ္စရာ၊


ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် နယ်ခြား နတ်မြစ်ကို ဖြတ်ကျော်ပြီး တစ်ဘက်နိုင်ငံသို့ လှေဖြင့် ကူးတို့ ပို့နေသူ နှစ်ဦးကို တပ်မတော် စစ်ကြောင်း တစ်ခု က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ မောင်တောမြို့နယ် မင်္ဂလာကြီး ကျေးရွာအုပ်စု သာစည်ကျေးရွာနေ ဘင်္ဂလီလူမျိုး ကော်ရီမူလာ (ဘ) ဇော်ဟိရ်အာမတ်နှင့် မင်္ဂလာကြီးကျေးရွာနေ ဘာဘက်စ်(ဘ) ဆော်လာတူလာတို့ ဖြစ်ကြသည်။

၎င်းတို့သည် နတ်မြစ်သို့ စီးဆင်းသည့် ပြင်ဖြူချောင်းဝနှင့် မင်္ဂလာကြီးချောင်းဝတို့မှ ဘင်္ဂလီလူမျိုးများအား ကျပ်တစ်သိန်းစီ ယူ၍ ပို့ဆောင် ပေးနေကြောင်း၊ ၎င်းတို့ ပို့ဆောင်သူများအထဲတွင် အကြမ်းဖက်တိုက်ခိုက်မှုများ၌ ပါဝင် ပတ်သက် သူများလည်း ပါဝင်ကြောင်း၊ ၎င်းတို့ နှစ်ဦးအား တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က အောက်တိုဘာလ ၃၁ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် သာစည်ကျေးရွာနှင့် မင်္ဂလာကြီးကျေးရွာတို့မှ ဖမ်းဆီးမိကြောင်း မြ၀တီ သတင်းတွင် ဖော်ပြသည်။

အလားတူ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်သူဟု ယူဆရသူ နှုရ်အာလောင် (ဘ) အဒူကော်ရိမ်အား အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်က ဘူးသီးတောင်မြို့မ ဈေးအနီး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

No comments: