Tuesday, November 8, 2016

ပင်လယ်ရေကြောင်း ဦးစီးဌာနမှ တာဝန်ရှိသူများကို လူပြောင်းပေးရန် သဘောင်္သားများက ဆန္ဒထုတ်ဖော်

ရဲနိုင်(လောက်ကိုင်)

မြန်မာနိုင်ငံရှိ သဘောင်္သားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဟုဆိုကာ ပင်လယ်ရေကြောင်း ဦးစီးဌာနမှ လက်ရှိ တာဝန်ရှိသူများအစား အမှန်တကယ် နားလည် တတ်ကျွမ်းသူများဖြင့် ပြောင်းလဲခန့်ထားပေးရန် သင်္ဘောသားများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

" တာဝန်ယူမှု၊ တာဝန်ခံမှု မရှိလို့ပေါ့နော်။ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှာပေးနိုင်ဘဲနဲ့ သဘောင်္သား လူသစ်တွေ ကို ဘတ်ဂျက်ရရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ ဌာနကနေ ထုတ်ပေးတယ်။ ပြီးတော့မှ သဘောင်္သားတွေကို ပိုက်ဆံ သိန်း ၄ ဝ၊ သိန်း ၅ဝ လောက် အနည်းဆုံးယူ ပြီးတော့တင်တယ်။ သဘောင်္သားတွေက လစာမရဘဲနဲ့ ပြန်လာရတယ်။ ပြန်လာ ရတဲ့ အခါမှာလည်း ဘယ်အဖွဲ့အစည်းမှ တာဝန်မယူဘဲ တိုင်ချင်ရာတိုင်တို့ ဘာတို့ ၊ ကျွန်တော်တို့ သဘောင်္သားတွေကို လေးစားမှုမရှိဘူး၊ အဲ့ဒါကြောင့် ဒီလိုမျိုးဖြစ်လာတာပါ " ဟု တက်မကိုင်ကျွမ်းကျင်သဘောင်္သား ဦးလင်းထက်အောင် က ပြောသည်။

နိုဝင်ဘာလ ၈ ရက်၊ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီထိ၊ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံတွင် ပြုလုပ် သည့် မြန်မာနိုင်ငံ သဘောင်္သားလောက ပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒထုတ်ဖော်ပွဲတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တို့ လိုချင်တဲ့ ပုံစံက ကျွန်တော်တို့ သဘောင်္သားတွေပဲ သဘောင်္သားလောကကို ဦးဆောင်မှသာ ကျွန်တော် တို့ လောကကြီး ဖွံ့ဖြိုးတိုးတက်လာမှာပါ "ဟု ၄င်းက ဆက်ပြောသည်။

ပင်လယ်ရေကြောင်း ဦးစီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော တာဝန်ရှိသူများမှာ လုပ်ငန်းဆိုင်ရာ အကြောင်း အရာများ၊ သဘောင်္နှင့် ပတ်သက်သည့် အကြောင်းအရာများ နားလည်ခြင်း မရှိခြင်းသည့်အတွက် သဘောင်္သားလောက တိုးတက်စေရန် လုပ်ငန်းကျွမ်းကျင်သူများကိုသာ ခန့်ထားစေချင်ကြောင်း သဘောင်္သား ၅ဝ ကျော်က တောင်း ဆိုခဲ့ကြ သည်။

" ပြောင်းရမယ်ဆိုတာ တစ်ဖက်က ပြန်ကြည့်တော့ ဒါက အစိုးရဌာနဖြစ်နေတယ်။ သို့သော် ဒီနေရာမှာ ပြောင်းစေချင် တာကတော့ ကြယ်ငါးပွင့်က အရာရှိတွေကိုပဲ မဖြည့်ဘဲနဲ့ အပြင်မှာလည်း တတ်သိနားလည် တဲ့သဘောင်္သားတွေ ၊ က ပ္ပတိန်တွေ အများကြီးရှိတာပဲ။ ဒီလိုမျိုးတွေ မဖြည့်ဘဲနဲ့ ကြယ်ငါးပွင့်က အရာရှိတွေကိုပဲ ဘာကြောင့်ခန့်တာလဲ။ အစိုးရ ပြောင်းလဲမှ ရမှာဗျ။ ပြောရမယ်ဆိုရင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြောင်းလဲပေးမှရမှာ။ ဒီနေရာတွေမှာ ရာထူးနေရာတွေ ရွေးချယ်မယ်ဆိုရင် အပြင်က တတ်သိနားလည်သူတွေကိုလည်း စနစ်တကျ ရွေးစေချင်တယ်ဗျာ "ဟု Oiler ကျွမ်းကျင် သဘောင်္သား ဦးသက်နိုင်ဦးက ပြော သည်။

ယင်းသို့ မြန်မာသဘောင်္သားလောက ပြောင်းလဲရေးအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုရာတွင် ပင်လယ် ရေကြောင်း ဦး စီးဌာနမှ မှုဝါဒများ၊ လိုအပ်ချက်အရ ပြောင်းလဲရာတွင် သဘောင်္သားများအတွက် သက်သာချောင်ချိသော နည်းလမ်းများ ဆောင်ရွက်ပေးရေး၊ စာမေးပွဲစနစ်ပြင်ဆင်ပေးရေး၊ OOW စာမေးပွဲဖြေ ဆိုရန်အတွက် Seatime Check ခြင်းကို ပြင်ဆင် လျှော့ပေါ့ပေးရန်၊ ကြိုးနီစနစ် များပြားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ သဘောင်္သားများထံမှ ရ သည့်ငွေကြေးများကို မည်သည့်နေရာတွင် အသုံးပြုသည့်ကို ဖြေရှင်းပေးရန်၊ သဘောင်္သားများဘက်မှ ရပ်တည်ပေးမည့် အဖွဲ့အစည်းများ အသက်မဝင် ခြင်း၊ SRPS ကုမ္ပဏီများမှ အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ရာတွင် ပင်လယ် ရေကြောင်း ဦးစီးဌာနမှ တာဝန်ယူ၊ တာဝန်ခံပေးရန်စသည့် အချက် ၈ ချက်ကို တောင်းဆိုခဲ့ကြသည်။

No comments: