Monday, November 21, 2016

မောင်တောမြို့နယ် ငန်းချောင်းကျေးရွာ၌ မသင်္ကာဖွယ် ၃၃ ဦး ဖမ်းဆီး

နိရဉ္စရာ၊


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငန်းချောင်းကျေးရွာတွင် တိုက်ပွဲတွင် ပါဝင်ပြီး တိမ်းရှောင်နေသူ ၃၃ ဦးကို ဖမ်းမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ုပြန်သည်။

တပ်မတော် နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်တွင် မောင်တောမြို့နယ် အတွင်း နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ၎င်းတို့အား ငန်းချောင်း ဘင်္ဂလီကျေးရွာအတွင်းမှ ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

၎င်းတို့မှာ နိုဝင်ဘာ ၁၂ ရက်က မယင်းချောင်းကျေးရွာ တိုက်ပွဲဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး တိမ်းရှောင်သွားသည့် ဖားဝပ်ချောင်း ကျေးရွာနေ အော်လီဟူးဆောင် (ဘ) အာမိရ် အပါအ၀င် ၇ ဦး၊ မျောတောင် ကျေးရွာမှ ၉ ဦး၊ ပွင့်ဖြူချောင်း ကျေးရွာမှ ၁၇ ဦး စုစုပေါင်း မသင်္ကာဖွယ် ၃၃ ဦးတို့ ဖြစ်ကြသည်။

No comments: