Wednesday, November 2, 2016

အဂတိလိုက်စားမှုများကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနထံ တိုင်ကြားနိုင်

ဇေယျာမော်

ပြည်သူလူထု ထိခိုက်နစ်နာနိုင်သည့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ၏ အဂတိလိုက်စားမှုများကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အဆိုပါဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

တိုင်ကြားမည်ဆိုလျှင် ဒုတိယဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၀)၊ နေပြည်တော်သို့ လိပ်မူတိုင်ကြားရမည်ဖြစ်ပြီး Email လိပ်စာဖြစ်သည့် compt.msco@gmail.com သို့ ဆက်သွယ် ပေးပို့နိုင်ကြောင်း ဖော်ပြပါရှိသည်။ ထို့အပြင် ဖက်(စ်)အမှတ် ၀၆၇-၄၀၉၂၉၂ သို့ဆက်သွယ်တိုင်ကြားနိုင်မည် ဖြစ်သည်။

တိုင်တန်းရာတွင် တိုင်ကြားသူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အမြဲတမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် ၊ Email လိပ်စာများဖြင့် အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ၏ အဂတိလိုက်စားမှု၊ မမှန်မကန်လုပ်ဆောင်ခဲ့မှုများကို အထောက်အထားအပြည့်အစုံ ဖော်ပြတိုင်ကြားရမည်ဖြစ်သည်။

သို့ပေမယ် တရားရုံးတစ်ရပ်ရပ်မှာ အမှုဖွင့်ထားပြီးအမှုများ၊ စစ်ဆေးဆဲ၊ ဆုံးဖြတ်ချက်ချပြီး ကိစ္စရပ်များကို တိုင်တန်းခြင်းမပြုဖို့ မေတ္တာရပ်ခံထားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအနေဖြင့် လက်ခံရရှိသည့် တိုင်တန်းချက်များကို မပေါက်ကြားအောင် စီစဉ်ထားပြီး စိုးရိမ်ပူပန်မှုကင်းစွာ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

No comments: