Saturday, November 19, 2016

တောင်ပြိုလက်ဝဲမြို့တွင် ဆူပူမှုများ ထပ်မဖြစ်ရန် လက်နက်များအပ်နှံခိုင်း

စိုးသူအောင်

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ တောင်ပြိုလက်ဝဲမြို့တွင် ဆူပူမှုများမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာ အုပ်စုများတွင် လူကိုသေစေနိုင်သည့် လက်နက်များက အပ်နှံခိုင်းထားခြင်းဖြစ်ကြောင်း တောင်ပြိုလက်ဝဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

လက်နက်များကို ၁၇-၁၁-၂၀၁၆ ရက်နေ့ ညနေ ( ၆ ) နာရီ နောက်ဆုံးထား အပ်နှံရန်၊ အပ်နှံခြင်းမရှိပါက ထိရောက်စွာအရေးယူမည် ဟု နှိုးဆော်ချက်ထုတ်ပြန်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

“ ဘယ်နေ့ပဲဖြစ်ဖြစ် လက်နက်ခဲယမ်းရှိတယ်ဆိုရင် လာအပ်လို့ရတယ်ဆိုပြီးအဲ့လိုပဲကြားတယ် “ ဟု တောင်ပြိုလက်ဝဲမြို့အုပ်ချူပ်ရေးမှူး ဦးသန်းအောင်ကပြောသည်။

တောင်ပြိုလက်ဝဲမြို့ အတွင်း ရပ်ကွက်၊ ကျေးရွာ အုပ်စုများ အတွင်းမှာရှိတဲ့ ဘဂါင်္လီအိမ်ထောင်စုများအတွင်း လူကိုသေစေနိုင်တဲ့ လက်နက်များဖြစ်တဲ့ တုတ်၊ ဓား၊ ဂျင်ဂလိ၊ လှံ၊ သေနတ်၊ လက်နက်ခဲယမ်းများ သိုလှောင် ထားခြင်း၊ လက်ဝယ်သိမ်းဆည်းခြင်း၊ ဆောင်ယူခြင်းများမပြုကြရန် တောင်ပြိုလက်ဝဲမြို့ နယ်အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၄)နယ်ခြားစောင့် ရဲတပ်ရင်းမှ ကြီးကြပ်ပြီး နိုင်ဝင်ဘာလ (၁၆) ရက်နေ့မှာ လှည့်လည်ကြော်ငြာထား သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ လက်နက်များအပ်ရန်ကြေငြာချက်ကို နယ်ခြားစောင့်ရဲတပ်ရင်းမှ ထုတ်ပြန်ခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဌာနအနေဖြင့် တိတိကျကျသိရှိခြင်းမရှိဟု တောင်ပြိုလက်ဝဲမြို့အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကဆိုသည်။

“ လက်နက်အပ်တာတော့ ကျွန်တော်လည်း စရင်းမရဘူးဗျ ကျွန်တော့်ဆီကလည်း လက်ခံတာလည်း မဟုတ်ဘူးဆိုတော့ နည်းနည်းတော့ပြောရခက်တယ်။ ကျွန်တော့်ဆီကိုတော့ အပ်တာတော့မရှိဘူး ” ဟု ၄င်းကပြောဆိုသည်။

အဆိုပါ တိုက်တွန်းနှိုးဆော်ချက်ကို မြန်မာ၊ ဘင်္ဂလီ၊ အာရဗီ (၃)ဘာသာဖြင့် ကြော်ငြာထားပြီး လက်နက်အပ်နှံခြင်းမရှိဘဲ သတ်မှတ်ရက်ထက် ကျော်လွန်တဲ့နေ့များမှာ လက်နက်များတွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်းနှင့် အပ်နှံရရှိတဲ့ လက်နက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးက အမှတ်(၄) နယ်ခြားစောင့် ကင်းစခန်း၊ တောင်ပြိုလက်ဝဲသို့ လာရောက်အပ်နှံကြရန် နှိုးဆော်ထားသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။

No comments: