DVB
ရခိုင်ပြည်နယ် မောင်တောအကြမ်းဖက်စီးနင်းတိုက်ခိုက်မှုမှာ ပါဝင်သူလို့ ယူဆရသူ ၁ဦးနဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေကို တဖက်နိုင်ငံကို လှေနဲ့ ပို့ဆောင်ကူညီခဲ့သူ ၂ ဦးကို ဖမ်းဆီးရ မိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်သူတွေအပါအ၀င် တဖက်နိုင်ငံသွားမယ့် ဘင်္ဂလီတွေကို တစ်ယောက်ကို ငွေကျပ် ၁ သိန်းယူပြီး လှေနဲ့ပို့ဆောင်ပေးခဲ့တဲ့ မောင်တောမြို့နယ် သာစည်ကျေးရွာနေ ကော်ရီမူလာနဲ့ မင်္ဂလာကြီးကျေးရွာနေ ဘာဘက်စ်တို့ကို အောက်တိုဘာ ၃၁ ရက်မနက်က သက်ဆိုင်ရာ ကျေးရွာနေအိမ်တွေမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာ ၉ ရက် နယ်ခြားစောင့်ရဲစခန်းတွေ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှုရှိတယ်လို့ ယူဆရတဲ့ နူရ်အာလောင်ကိုလည်း အောက်တိုဘာ ၃၀ ရက် ညနေက ဘူးသီးတောင်မြို့မဈေးအနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ပြင်ဖြူနယ်မြေရဲစခန်းနဲ့ မောင်တောမြို့မရဲစခန်းကို လွှဲပြောင်းအပ်နှံထားတယ် လို့ တပ်မတော်သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
No comments:
Post a Comment