Thursday, November 3, 2016

လူငယ်များ၏ အသံကို ဂီတဖြင့် အသုံးပြုပြီး ဖော်ပြမည့် ပွဲတော်ကျင်းပမည်

ပိုင်စိုး

နေရာဒေသအသီးသီးက လူငယ်တွေရဲ့ အသံတွေကို ဂီတကို အသုံးပြုပြီး ဖော်ပြမယ့် ပွဲတော်တခုကို ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။

လာမယ့် နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ရန်ကုန်မြို့ မြရိပ်ညိုဟိုတယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဝင်ကြေးအခမဲ့ပါလို့ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောဆိုလိုက်တာပါ။

“နေ့လယ် နှစ်နာရီခွဲကနေ စပါမယ်။ ကျွန်တော်တို့က ဂီတနဲ့ ရုပ်ရှင်ကို အသုံးပြုပြီး လူငယ်တွေရဲ့ အသံတွေ၊ မတူတဲ့ဒေသအသီးသီးက လူငယ်တွေရဲ့ ဖိနှိပ်ခံရတာ၊ ခွဲခြားခံရတာ၊ အခွင့်အရေးမရတဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး လှုပ်ရှားနေပါတယ်” လို့ Turning Tables Myanmar ရဲ့ သင်တန်းတာဝန်ခံ ကိုဂူးဂူးက ပြောပါတယ်။

ဒီပွဲမှာ လူငယ်အဖွဲ့ပေါင်း ၄၀ လောက်နဲ့အတူ ဒိန်းမတ်နဲ့ အမေရိကန်က လူငယ်အဖွဲ့တွေလည်း ပါဝင်ကြမှာပါ။ ဒီပွဲကို ဒိန်းမတ်သံရုံးက ထောက်ပံ့ကူညီတာဖြစ်ပြီး နိုင်ငံတကာက လူငယ်တွေရဲ့ ကိုယ်ပိုင်ဖန်တီးနိုင်မှု၊ ပညာပေးမှု စတာတွေ လှုပ်ရှားဖို့ ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

No comments: