Saturday, November 19, 2016

လူ ၇၂ နှစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ရိုက်တာကရေးသားသည့် သတင်းမှားယွင်းကြောင်း သတင်းထုတ်ပြန်

နိရဉ္စရာ၊


Reuters ရိုက်က ရေးသားသော မြန်မာနယ်စပ်တွင် လူပေါင်း ၇၂ ဦးကို မြန်မာ့တပ်မတော်က ပစ်သတ်သည်ဆိုသော သတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ထုတ်ပြန်ချက်တွင် ယခုလို ဖော်ပြထားသည်။

“ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ရိုက်တာ သတင်းဌာန၏ နိုဝင်ဘာ ၁၆ ရက်နေ့ သတင်းတစ်ပုဒ် တွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန်ကြိုးပမ်းသူ ၇၂ ဦးကို မြန်မာ့ တပ်မတော်က ပစ်သတ်ခဲ့သည်ဟု သတင်းဖေါ်ပြခဲ့မှုနှင့် ပတ်သက်၍ ယင်းနယ်မြေရှိ တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များသို့ နယ်စပ်ဒေသ၌ ထိတွေ့မှုများ ရှိ/ မရှိ စိစစ်မေးမြန်းရာ ၎င်းပစ်ခတ် သတ်ဖြတ်မှုမှာ လုံးဝ မဟုတ်မှန်ကြောင်း၊ ပူးပေါင်း အဖွဲ့အနေဖြင့် အတွင်းပိုင်း နယ်မြေရှင်းလင်းစစ်ဆေးရေးကိုသာ ဆောင်ရွက်လျက်ပြီး နယ်စပ်ပိုင်း၌ ထိတွေ့မှု မရှိကြောင်း သိရှိရသည်ဟု ဖော်ပြသည်။

ရိုက်တာ သတင်းဌာနသည် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း လွန်ခဲ့သော လေးနှစ် ကာလအတွင်း ဒါဇင်နှင့်ချီသော ဘင်္ဂလီ အမျိုးသမီးများကို စစ်တပ်က မုဒိမ်းကျင့်ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာသို့ စစ်သား ၁၅၀ ရောက်ရှိလာပြီး အမျိုးသမီး ၈ ဦးအား မုဒိမ်းကျင့်ခဲ့ကြောင်း၊ ထိုအထဲတွင် အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးက မုဒိမ်းကျင်ခံရပြီး ၁၅ နှစ်အရွယ် သမီးကို တိုက်ခိုက်ခံခဲ့ရသည်ဟု ပြောကြားကြောင်း၊ အသက် ၃၀ အရွယ်အမျိုးသမီး တစ်ဦးကလည်း သူမမျက်နာကို ရိုက်နက်ပြီး စစ်သားများက အကြိမ်ကြိမ် မုဒိမ်းကျင့်ကြောင်းဖြင့် ပြောကြားသည်ဟု Exclusive: Rohingya women say Myanmar soldiers raped them amid crackdown on militants ခေါင်းစဉ်ဖြင့် သတင်း ဖော်ပြခဲ့သည်။

No comments: