Saturday, November 5, 2016

"အမေ့ရိပ် အခမဲ့ပညာဒါနကျောင်း အကူအညီများ လိုအပ်လျှက်ရှိ"

အောင်ကိုဦး

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာတွင် အမေ့ရိပ် အခမဲ့ ပညာရေးကျောင်းတည်ဆောက်နေရာ အကူအညီများလိုအပ်နေသည်ဟု အမေ့ရိပ်ကျောင်းတာဝန်ခံ ဦးဥာဏ်လင်းအောင်က မဇ္ဈိမကိုပြောသည်။

အဆိုပါကျောင်းကို ၁၅ပေ၊ ၅ခန်း တည်ဆောက်နေပြီး ယခုအခါ အမိုး၊ အကာများ ပြီးစီးနေပြီဖြစ်ကာ ပြတင်းပေါက်များနှင့်အဆောက်အဦးအချောသတ်ပြီးစီးရန်အတွက် အလှူရှင်များလိုအပ်ခြင်းဖြစ်သည်။

အဆိုပါကျောင်းကို ၂၀၁၂ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်လှစ်ခဲ့စဉ်က ကျေးရွာဓမ္မာရုံတွင် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်သည်။ ယခုအခါမြေအလှူရှင်ရှိသောကြောင့် အဆောက်အဦး တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အမေ့ရိပ် အခမဲ့ပညာရေးကျောင်းတွင် သူငယ်တန်းမှ ဒဿမတန်းအထိ ကျောင်းသူ၊ ကျောင်းသား ၁၃၆ ဦး ပညာသင်ကြားနေသည်ဟု သိရသည်။

အဆိုပါကျောင်း အပြီးသတ်တည်ဆောက်နိုင်ရန်နှင့် ကျောင်းသူ၊ကျောင်းသားများကို စာရေးကိရိယာများ လှူဒါန်းလိုပါက ၀၉၇၉၇၁၆၇၂၄၀၊ ၀၉၄၂၈၃၇၅၀၇၈၊ ၀၉၇၉၇၈၀၇၈၇၇ များအား ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

No comments: