Tuesday, November 22, 2016

အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ဘင်္ဂလီ လူမျိုး ၆၀ ဦး မောင်တောနယ်တွင် ထပ်မံဖမ်းဆီးခံရ

နိရဉ္စရာ၊


မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာအတွင်း နယ်မြေ ရှင်းလင်းဆောင်ရွက်ရာ အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ဘင်္ဂလီ လူမျိုး ၆၀ ဦးထပ်မံ ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သော သတင်းတွင် ၎င်းဘင်္ဂလီ ၆၀ ဦးသည် အောက်တိုဘာ ၁၁ ရက်နေ့က မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာ၊ လောင်းတုံကျေးရွာနှင့် ပြောင်ပိုက်ကျေးရွာများအနီးပတ်ဝန်းကျင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းဆောင်ရွက် စဉ် အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများဟု သံသယရှိ၍ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ကြက်ရိုးပြင်ကျေးရွာ၊ လောင်းတုံကျေးရွာနှင့် ပြောင်ပိုက်ကျေးရွာများအနီးပတ်ဝန်းကျင်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ရသည်ဟု သိရှိရသည်။

အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲကွပ်ကဲမှုအောက်ရှိ ငါးခူရနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၉ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် ကြက်ရိုးပြင်ကျေးရွာအတွင်း နယ်မြေ ရှင်းလင်းဆောင်ရွက်ရာ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ ၎င်းတို့ ၆၀ ဦးအား ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

No comments: