Sunday, November 20, 2016

မူဆယ် ၁၀၅ မိုင်ဂိတ်အနီးတွင် တိုက်ပွဲပြင်းထန်၊ သေဆုံး ဒဏ်ရာရမှုများရှိ

မင်းရဲစစ်နိုင်

အစိုးရတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) တို့ ဒီနေ့မနက် ၅ နာရီပတ်ဝန်းကျင်လောက်က တရုတ်-မြန်မာနယ်စပ် ၁၀၅ မိုင်အနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ မူဆယ်မြို့မရဲစခန်းက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဒီနေ့မနက်ထိ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ အရပ်သား ၇ ဦးဒဏ်ရာရခဲ့ပြီး ၁ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လမ်းတွေကို ပိတ်ထားဆဲ ဖြစ်ပြီး သစ်သီးတင် ကုန်ကားတွေ အများအပြား ပိတ်မိနေတယ်လို့ သိရပါတယ်။

အခုလို ပစ်ခတ်မှု ဖြစ်တာကြောင့် ဒေသခံ အချို့နဲ့ အလုပ်သမားအချို့ဟာ ကုန်သွယ်ရေးဇုန်ထဲက သစ်သီးပွဲရုံတွထဲမှာ ပုန်းခိုနေရပါတယ်။

No comments: