Monday, November 7, 2016

နတ်မြစ်အတွင်း အမြန်ရေယာဉ်တွေနဲ့ ပိတ်ဆို့ရှင်းလင်းရေးတွေလုပ်ဆောင်နေ

နိရဉ္စရာ၊


မြန်မာ- ဘင်္ဂလာဒေ့ရှ် နယ်စပ် နတ်မြစ်ကြောင်း တစ်လျှောက် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ အမြန်ရေယာဉ်တွေနဲ့ ပိတ်ဆို့ရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ယခုလို ဆောင်ရွက်သည့် နေရာတွင် တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ် နိုင်ငံ BGB တပ်ဖွဲ့( နယ်ခြားစောင့် တပ်ဖွဲ့) နှင့် ဆက်သွယ် ညှိနိုင်းပြီး ဆောင်ရွက်တယ်လို့ သိရပါတယ်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားမှာ တည်ရှိတဲ့ နတ်မြစ်ကြောင်းဟာ အရှည် ၃၂ မိုင် ရှိပြီး မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့အနောက်ဘက်ရှိ နှစ်နိုင်ငံနယ်စပ်တံတားအနီးကနေ စတင်မြစ်ဖျားခံစီးဆင်းပြီး မောင်တောမြို့နယ်၊ အလယ်သံကျော်ရွာတောင်ဘက်ရှိ တုံးချောင်းဝတွင် ဘင်္ဂဘားပင်လယ်အော်အတွင်းသို့ စီးဝင်တယ်လို့ သိရပါတယ်။

နတ်မြစ်ကြောင်းတစ်လျှောက် မြန်မာနိုင်ငံ နယ်ခြားစာင့်ရေကြောင်းရဲတပ်ဖွဲ့ဟာ အမြန်တိုက်ခိုက်ရေးရေယာဉ်တွေ၊ ရော်ဘာဘုတ်တွေကို အသုံးပြုပြီး နေ့ရောညပါ လှည့်လည်လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုလို ဆောင်ရွက်ရတာက တရားမ၀င် ရွှေ့ပြောင်းသွားလာသူများ ၀င်ရောက်မှုမရှိစေရန်၊ တရားမ၀င် လက်နက်မှောင်ခိုမှုများ၊ မူးယစ် ဆေးဝါးသယ်ယူရောင်းချမှုများ၊ တရားမ၀င်ငါးဖမ်းမှုများအား တားဆီးကာကွယ်ရန်၊ ဖမ်းဆီးအရေးယူရန်နှင့် ပင်လယ်ဓားပြရန်မှ ကာကွယ်နှိမ်နင်းရန် အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

No comments: