Thursday, November 3, 2016

ရေစကြိုမြို့နယ်ထဲမှ ကျေးရွာအချို့ ဧရာဝတီမြစ်ကမ်းပြိုမှုနှင့် ရင်ဆိုင်နေရ

မြင့်နိုင်

အခုနှစ် အောက်တိုဘာလအတွင်း ဧရာဝတီမြစ်ရေ အနည်းငယ် ပြန်တက်လာတာကြောင့် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ထဲက ဗလဘကျေးရွာမှာ ဧရာဝတီမြစ်ကမ်းပါးပြိုတာနဲ့ ရင်ဆိုင်နေရပါတယ်။

အခုလို ကမ်းပြိုတာကြောင့် စိုက်ပျိုးမြေဧက အများအပြား ဆုံးရှုံးနေရတဲ့ အဖြစ်မျိုးနဲ့ ကြုံနေရပါတယ်။

“နယုန်လလောက်ကနေစပြီး အခု သီတင်းကျွတ်လောက်အထိဆို ဧက ၅၀၀ လောက် ပြိုသွားပါပြီ” လို့ ဗလဘကျေးရွာနေ ဦးဇော်ဝင်းက ပြောပါတယ်။

ဧရာဝတီမြစ်ရေစီးကြောင်းက ဗလပကျေးရွာဆီ ဦးတည်နေတာကြောင့် နောက်နှစ် ရေတက်ချိန်မှာ ကျေးရွာရှိ လူနေအိမ်ခြေတွေ ပြောင်းရွှေ့ရတဲ့ အဖြစ်မျိုး ကြုံရမှာ စိုးရိမ်နေကြပြီး ကျေးရွာနေ ပြည်သူတွေက သက်ဆိုင်ရာအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုလားနေကြတယ်လို့လည်း ဦးဇော်ဝင်းက ဆက်ပြောပါတယ်။

“မြစ်ကြောင်းအခြေအနေကလည်း ခုနေ ကြည့်ရမယ်ဆိုရင်တော့ မြစ်ကြောင်းက ကျနော်တို့ရွာနဲ့ ထိပ်တိုက်လို့ ဖြစ်နေပါတယ်။ အဲဒါလေးကို အတတ်နိုင်ဆုံး နိုင်ငံတော်အနေနဲ့ ရေကာတာလေး ဘာလေး ချပေး လုပ်ပေးမယ်ဆိုရင်တော့ ကျနော်တို့ရွာအနေနဲ့ သက်သာမယ်လို့ ထင်ပါတယ်။”

လက်ရှိမှာတော့ ဧရာဝတီမြစ်ကမ်းပြိုတာကြောင့် ရေစကြိုမြို့နယ်က ဗလဘကျေးရွာမှာ လူနေအိမ် ၃ လုံး ရွှေ့ပြောင်းထားရပြီး ဧရာဝတီမြစ်ကမ်းကလည်း ဆက်လက်ပြိုနေဆဲ ဖြစ်ပါတယ်။

No comments: