Wednesday, November 2, 2016

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ပွဲကြည့်စင်ဆောက်မည့် ကိစ္စ ဒေသခံများကန့်ကွက်ဆန္ဒပြ

နန်းဆိုင်ဖူး


သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝေယာ မီးပုံးပျံကွင်း၌ ကျင်းပပြုလုပ် မည့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်အတွင်း အထူးပွဲကြည့်စင် ဘန်ဂလို တည်ဆောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး တောင်ကြီးဒေသခံ များ နှင့် မီးပုံးပျံသမားများ ဆန္ဒပြကန့်ကွက်ခဲ့ ကြောင်းသိရသည် ။

တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပွဲတော်အတွက် ကန်ထရိုက်အောင်သွားသည့် ချယ်ရီကွင်း ဟော်တယ် က အထူးပွဲကြည့်စင်ဆောက်လုပ်မည့် ကိစ္စနှင့် ပတ် သက်ပြီး နိုဝင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ တွင် မီးပုံးပျံကွင်း ၌ တောင်ကြီးဒေသခံများ မီးပုံးပျံအဖွဲ့များ စသည့် လူအင်အား ၅၀ ခန့် ရှိပြီး ပွဲကြည့်စင်ကန့်ကွက်သည့် ဆောင်ပုဒ်များဖြင့် မိမိကိုယ်ကျိုးတစ်ခု အတွက် ပြည်သူများ၏ အသက်ကို မစတေး ပါနှင့် ၊ ရိုးရာအစဉ်လာကို ဖျက်ဆီး၍ ငွေကြေးဖြင့် ပွဲကြည့်စင်ပြုလုပ်ခြင်းကို ကန့်ကွက်ပါသည် စသည့် ဆောင်ပုဒ်များ ကိုင်ဆောင်ပြီး ဆန္ဒပြ ကန့်ကွက်ခဲ့သည် ။

“ မီးပုံးပျံသမားတွေလွှတ်လို့ မီးပုံးပျံပွဲဖြစ်တာ။ ဒီ မီးပုံးပျံသမားတွေက ဘာ အကျိုးအမြတ်မှ မခံစားရ ဘဲနဲ့ ဒီ စီးပွားရေးလုပ်ငန်းရှင်တွေက မီးပုံးပျံ သမားေ တွကို ဘန်းပြပြီးတော့ အကျိုးအမြတ်တွေကို ခေါင်းပုံဖြတ်တာဖြစ်တဲ့ အတွက် ကျနော် ကန့်ကွက်တယ်၊၂ အချက်က မီးပုံးပျံ ကျခဲ့မယ်ဆိုရင် လူတွေ အသက် အန္တရာယ်အများကြီး ဖြစ်နိုင်တယ် ဘယ်လိုမှ ပြေးလို့ လွှားလို့ လွှတ်နိုင်မယ့် လမ်းမျိုးမဟုတ်ဘူး။ အဲ့ဒီအတွက် ပြီးတော့ ပွဲချိန်ဆိုလည်း ကားတွေ လာရပ် မယ့်နေရာဖြစ်တယ် ။ မီးသတ်ကားဝင်ဖို့ ခဲယဉ်းသွားပြီး အဲ့ဒီအတွက် အသက် အန္တရာယ် အများကြီးဖြစ်နိုင်တယ်လေ ။ ဒါကြောင့် ကျနော်တို့ ကန့်ကွက်တယ်၊ ၃ ချက်က ဒီလိုဆောက်လုပ်မယ်ဆိုရင် မီးပုံပျံ အဖွဲ့သော်လည်းေ ကာင်း တောင်ကြီးေ ဒသခံသော်လည်းကောင်း မြို့မိမြို့ဖ တွေကို ဆန္ဒခံယူခြင်း လုံးဝ မရှိဘဲ နဲ့ သူတို့ သဘောနဲ့ သူတို့လုပ်တာ ဖြစ်တဲ့အတွက် ကျနော်ေ တာင်ကြီးသား တစ်ယောက်အနေနဲ့ ကန့်ကွက်ပါတယ်” ဟု တောင်ကြီးဒေသခံ ကိုတင်မောင်တိုး ကပြောသည် ။

အထူး ပွဲကြည့်စင် ဘန်ဂလို တည်ဆောက်ခြင်းအားဖြင့် မီးပုံးပျံလာကြည့်သည့် ဧည်သည်များ ဒေသခံများ အခြေခံလူတန်းစားများ စသည်တို့ကို အဆင့် အတန်းခွဲခြားထားခြင်းဖြစ်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း မီးပုံး ပျံ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုသည့် မီးပုံးပျံအဖွဲ့ဝင် ကိုဇော်ဝင်းထူး ကပြောသည် ။

“ အခုလို ငွေရှိတဲ့ လူတန်းစားတွေနဲ့ ငွေမတတ်နိုင်တဲ့ လူတန်းစားတွ ခွဲထုတ် သလိုမျိုးတွေ လက်မခံ နိုင်ဘူး အဲ့ဒီအတွက် ပြတ်ပြတ်သားသား ကန့်ကွက် တယ်။ အစိုးရရုံးကို စာတွေတင်ပြီးတော့မှ ကန့် ကွက်သွားဖို့ အစီစဉ်ရှိပါတယ် ” ဟု ၄င်းကပြောသည် ။

သျှမ်းပြည်နယ် တောင်ကြီးမြို့တွင်ပြုလုပ်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် အထင်ကရ ပွဲဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာကပါ သိရှိသည့် ပွဲဖြစ်သည့်အတွက် ပွဲတော်ကို ဘန်းပြပြီး စီးပွားရေးသမားများက အမြတ်ထုတ်ရန်မသင့်ကြောင်း ကိုဇော်ထူးကပြောသည် ။

“ ကျနော်တို့ ဆန္ဒပြရတဲ့အကြောင်းရင်းက ဒီလိုအမြတ်ထုတ်ယူတာ တစ်ခု တည်းမဟုတ်ဘဲနဲ့ ဒီမီးပုံးပျံ ပွဲက တစ်ခါတစ်လေကျလို့ရှိရင် မီးပုံးက သူရဲ့ေ လပေါ်မှာ မူတည်ပြီးတော့မှ ဖြစ်ပေါ်လာတဲ့ အန္တရာယ် ကို ကြိုတင်ပြီး မြင် မှရမယ် ကွင်းပြင်ကြီးထဲမှာဆိုရင် ရှောင်ရှားလို့လွယ်တယ် ဒီလို စင်တွေနဲ့ လုပ်ထား လို့ ရှိရင် မီးပုံးပျံ မီးလောင်ပြီးကျလာလို့ရှိရင် ပွဲကြည့်တဲ့လူတွေနဲ့ ပိုပြီး အသက်အန္တရာယ် စိုးရိမ်ရတယ် ဒါကြောင့်ဆန္ဒဖော်ထုတ်တာဖြစ်တယ်” ဟု ၄င်းကပြောသည် ။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် သျှမ်းပြည်တွင်း အစည်ကားဆုံး ပွဲတော်ဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ ဧည့်သည်များ လာရောက်လည် ပတ်ကြည့်ရှုကြသည့် ထင်ရှားကျော်ကြား ပွဲတော်ဖြစ်သည်။ ယခု ၂၀၁၆ ခုနှစ်ပွဲတော်သည်လည်း နိုဝင်ဘာ ၆ ရက်မှ တန်ဆောင်မုန်း လပြည့်ေ န့နိုဝင်ဘာလ ၁၄ ရက်နေ့ထိ နေ့လွှတ်အရုပ် နှင့် ညလွှတ် မီးပုံးပျံ ၄၀၀ ကျော်ရှိကြောင်း သိရှိရသည် ။

No comments: