Saturday, November 5, 2016

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးအပါအ၀င် မသင်္ကာဖွယ်ဘင်္ဂါလီ ၁၅ ဦးဖမ်းမိ

DVB


အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့ တောင်မြို့နယ်ထဲမှာ မသင်္ကာဖွယ်ဘင်္ဂါလီလူမျိုးတွေကိုထပ်မံဖမ်းဆီးရမိတယ်လို့ တပ်မတော်ပိုင် မြ၀တီသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နိုဝင်ဘာ ၂ ရက် ညက ရသေ့တောင်မြို့နယ်၊ ဒုံပိုက်ကျေးရွာနား ပုဒ်မ-၁၄၄ ထုတ်ပြန်ထားတဲ့ ဧရိယာမှာ တပ်မတော်စစ်ကြောင်းတွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေနဲ့အတူ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် မောင်တင်ရွှေအမည်ရှိ မသင်္ကာဖွယ် ငါးဖမ်းစက်လှေ ၁စင်းကို တွေ့ရှိစစ်ဆေးခဲ့ရာမှာ မသင်္ကာဖွယ်ရာ ဘင်္ဂလီလူမျိုး ၈ ဦးကိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်

အဆိုပါ ဖမ်းဆီးရမိထားသူတွေကို အရေးယူနိုင်ဖို့ အင်းဒင်နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံထားတယ်လို့သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၃ရက်မနက်ကလည်း မောင်တောမြို့နယ်၊ ပြောင်ပိုက်ကျေးရွာနား တောတွင်းတနေရာမှာ မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး ၄ ယောက်ကို ဖမ်းဆီးရမိခဲ့လို့ ကြိမ်ချောင်းနယ်မြေရဲစခန်းမှာ လွှဲပြောင်းအပ်နှံခဲ့တယ်လို့လည်း ဆိုပါတယ်။

အလားတူ နိုဝင်ဘာ ၂ ရက် ညနေက မောင်တောမြို့နယ် မင်္ဂလာကြီးချောင်းနဲ့ ပြင်ဖြူချောင်းအကြားမှာ တပ်မတော်(ရေ)က မသင်္ကာဖွယ်လှေတစ်စင်းကို တွေ့ရှိစစ်ဆေး ခဲ့ရာမှာ မြန်မာ့ရေပိုင်နက်အတွင်း တရားမ၀င် ၀င်ရောက်ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုး ၃ ဦးကိုဖမ်းဆီးရမိခဲ့လို့ မောင်တောမြို့မရဲစခန်းကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ မြ၀တီသတင်းမှာဖော်ပြပါတယ်။

No comments: