Saturday, November 19, 2016

တိုင်းရင်းသားများအနေဖြင့်အခြားသူကို အားမကိုးပဲ မိမိကိုယ်ကို အားကိုးကြ ရန် ခွန်ထွန်းဦး တိုက်တွန်း

စိုင်းအောင်ဆိုင်း


တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားအခွင့်အရေးအတွက် အခြားမည် သူ့ကိုမျှ အားမကိုးပဲ မိမိကိုယ်ကိုသာ အားကိုးကြရန် သျှမ်းတိုင်းရင်း သားခေါင်းေ ဆာင် ခွန်ထွန်းဦးက တိုက်တွန်းလိုက်သည် ။

“ အခု NLD ကလည်း တိုင်းရင်းသား ဆိုပြီးနေရာပေးထားကြတာပဲ။ ဘာလုပ်နို င်သလဲ။ ဘာမှ မလုပ်နိုင်ကြဘူး။ အခု ကျနော်ပြောချင်တာက တိုင်းရင်းသားေ တွ နားလည်ဖို့က ကိုယ့်ကိုကိုယ်အားကိုးဖို့နဲ့ မျိုးနွယ်စု တိုင်းရင်းသားတွေ အကြား စုစည်းညီညွတ်မှု တည်ဆောက်ဖို့က အခုအချိန်မှာ မဖြစ်မနေ ဆောင် ရွက်ကြရမဲ့ အချိန်ပဲ ဖြစ်တယ်” – ဟု နိုဝင်ဘာလ ၁၀ ရက်နေ့က သျှမ်းသံေ တ်ာဆင့်မှ သီးသန့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားရာတွင် တိုက်တွန်းပြော ဆို သည် ။

၂၁ ရာစု ပင်လုံ ညီလာခံကို ပထမအကြိမ် ကျင်းပပြီးစီးခဲ့သော် လည်း နိုင်ငံ လုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များ ၁၃ ဖွဲ့ကျန်ရှိနေမှု ၊ တိုက်ပွဲများ ဖြစ်နေဆဲ အခြေနေတို့မှာ မေးခွန်းထုတ်စရာ အခြေနေတွင် ရှိနေဆဲဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ပြောသည် ။

ယင်းအပြင် တိုင်းရင်းသားများအား ဖိအားပေးလက်မှတ်ထိုးခိုင်းနေ မှုများ နိုင်ငံရေးအရ ဖြေရှင်းရန် အခက်တွေ့နေဆဲ အခြေနေတို့မှာ တိုင်းရင်းသားအရေးအတွက် ရတက်မအေးစရာ အခြေနေတွင် ရှိနေဆဲဖြစ်သည်ဟု လည်းပြောသည် ။

NLD အစိုးရတက်လာပြီးနောက်ပိုင်းတွင် ခရိုနီများ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ဟောင်းများမှာ အမေရိကန် ပိတ်ဆို့မှုဆန်ရှင်မှ ကင်းလွတ်ခွင့်ရလာခဲ့သော်လည်း တိုင်းရင်းသားနယ်မြေများတွင် တိုက် ပွဲများ ဖြစ်နေဆဲဖြစ်ကာ သိမ်းဆည်းထားသည့် မြေယာ များ ပြန် လည်ပေး အပ် မှုမှာ အင်မတန်မှ နည်းပါးနေခဲ့ပါသည် ။

NCA အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးရန် ကျန်နေသည့် အဖွဲ့အများစုမှာ ယခင်က အမျိုးသား ညီလာခံကို တက်ရောက်ခဲ့ဖူးပြီး စစ်မှန်ခိုင်မာ သည့် ငြိမ်း ချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးမှုပေါ်ပေါက် ရေးအတွက် တိုင်းရင်းသား လက် နက်ကိုင် အများစုက လိုလားနေကြသည် ။

ကျနော်တို့က အကျိုးစီးပွားလိုလားလို့ လက်မှတ်မထိုးတာမဟုတ်ဘူး။ ဟု UNFC တိုင်းရင်းသား တပ်ပေါင်းစုမှ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်တွင် ပြောဆိုထား သည်။အန်စီအေ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် တွင် ကေ အန် ယူ ပါဝင် လက်မှတ်ရေးထိုးထားမှုကြောင့် စမ်းသပ်အနေဖြင့် ပြည်ေ တ်ာပြန်ခဲ့သည့် ထိုင်းနိုင်ငံ နို့ဘိုး ဒုက္ခသည် စခန်းမှာ ဒုက္ခသည်အချို့မှာ မည်သည့်နေရာတွင် ပြန်နေရာမှန်းမသိဖြစ်နေသည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည် ။

ယင်းအပြင် ဟားဗတ်မှပေးအပ်သည့် လူသားချင်းစာနာမှုဆိုင်ရာဆု ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံရရှိခဲ့သော်လည်း ကချင်စစ်ပွဲကြောင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရသည့် ဒုက္ခသည်များမှာ ရိက္ခာမလောက်ငှမှုများ ၊ အကူုညီပေးရေးအစီစဉ်များ စခန်းရှိ ရာ ဒေ သသို့ ပေးပို့မှုတွင် အာဏာပိုင်များထံမှ ခွင့်ပြုမိန့် ကြန့်ကြာမှုများ ပေါ်ပေါက်နေခဲ့ရပါသည်။အန်အယ်လ်ဒီ အစိုးရလက် ထက်တွင် ယခင် အစိုးရ နှင့် ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့် အပစ်ရပ်ထားသည့်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ခဲ့ပြီး အရပ်သားများ သေကြေခဲ့မှု အပေါ်တွင်လည်း အန်အယ်လ်ဒီအစိုးရမှ နှုတ်ဆိတ်နေခဲ့သည်ဟု တိုင်းရင်းသားခေါင်းဆောင် များကဝေဖန်သည် ။

No comments: