Tuesday, November 22, 2016

စစ်​​တွေမှာ လူ​သောင်းချီစု​ဝေး​နေ၊ စစ်​တပ်​၊ ရဲ လုံခြုံ​ရေးအပြည့်​ချထား

RiA

ရခိုင်​ပြည်​​နယ်​၊ စစ်​​တွေမြို့နယ်​၊ ဓညဝတီရပ်​ကွက်​တွင်​ ​နိုဝင်​ဘာ ၂၁ရက်​ ည ၈နာရီခွဲခန့်​က သောင်းနဲ့ချီတဲ့ လူစုလူ​ဝေး​တွေ စု​ဝေး​ရောက်​ရှိလာတဲ့အတွက်​ စစ်​တပ်​ နှင့်​ ရဲ လုံခြုံ​ရေး​တွေ အပြည့်​ချထားရပါတယ်​လို့ အဲ့ဒီ့​နေရာကို ​ရောက်​​နေတဲ့ RiA သတင်း​ထောက်​က သတင်း​ပေးပို့ပါတယ်​။

ဘင်္ဂလီ​ထောင်​နဲ့ချီ စစ်​​တွေရွာ​တွေကို ​ရောက်​လာတယ်​ဆိုပြီး ​ကောလာဟလသတင်း​တွေ ထွက်​​ပေါ်လာတဲ့အတွက်​ အခုလို လူ​တွေစု​ဝေး ​ရောက်​ရှိလာတာပါ။

အာဏာာပိုင်​​တွေက ဒီသတင်းဟာ ​ကောလာဟလလို့ရှင်းပြပြီး လူစုလူ​ဝေးကို ခွဲဖို့ ​ဖြောင်းဖျ​ပေမယ့်​ ဘယ်​သူမှ မပြန်​ကြသလို အာဏာပိုင်​တွေကလည်း ဆက်​ရှိ​နေဆဲပါ။

စစ်​​တွေမြို့မှာ ည ၇နာရီ​ကျော်​ကတည်းက လျှပ်​စစ်​မီး​တွေပျက်​​တောက်​​နေပြီး ယခုတိုင်​ မလာ​သေးတာ​ကြောင့်​လည်း လူထု​တွေက ပိုမို စိုးရိမ်​​နေကြပါတယ်​။

ယခု ဖြစ်​ပွား​နေသည့်​​နေရာသို့ ရခိုင်​ပြည်​နယ်​ ရဲမှူးကြီးနဲ့တကွ ​ဒေသတာဝန်​ရှိသူ​တွေ ​ရောက်​ရှိ​နေပါတယ်​။

ဘင်္ဂလီရွာ​​တွေအနီး စစ်​​တွေတက္ကသိုလ်​ရှိရာလမ်းမှာလည်း စစ်​ကား​တွေ၊ ရဲကား​တွေ လုံခြုံ​ရေးအပြည့်​ချထားတာကို ​တွေ့ရပါတယ်​။

No comments: