Thursday, November 3, 2016

စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသားများ ထပ်မံအလိမ်မခံရအောင် ဗိုလ်ချုပ်ကြီးဆေထင်သတိပေး

စိုင်းအောင်ဆိုင်း


စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် တိုင်းရင်းသားများ အနေဖြင့် ထပ်မံ အလိမ်မခံရအောင် နိုင်ငံရေးအရ လွတ်လွတ် လပ်လပ်ေ ဆွးနွေးခွင့်ရမှသာ UNFC တပ်ပေါင်း စုအနေဖြင့် NCA နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည်ဟု SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင်က ပြောသည် ။

“တိုင်းရင်းသားလူမျိုးစုတွေက ဖြတ်သန်းမှုအရ တော်တော်များများ ဖြတ်သန်းခဲ့ပြီးပြီ။ နိုင်ငံရေးကော စစ်ရေးအရကော ခါးသီးတဲ့ သင်ခန်းစာတွေရှိတယ်။ ဥပမာ ကျနော်တို့ဆို ၁၉၈၉ မှာ အထူး ဒေသ ဆိုပြီး လုပ်ခဲ့တာပဲ။ အမျိုးသား ညီလာခံလည်း ၁၉၉၃ မှာတက်ခဲ့တာပဲ။ Fake တွေ သိပ်များ တယ် ။ အလိမ်ခံရပေါင်းများတယ်ဗျာ။ နောက်ထပ် အလိမ်မခံရ အောင် ကျနော်တို့လ ည်း ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ သဘောပေါ့ေ နာ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မျာ ကျနော်တို့က Ownership မရပဲ နဲ့ လက်ခံလို့ မရဘူး။ ပိုင်ဆိုင်သူ မဟုတ်ပဲ သွားရင် သူများက ကျနော်တို့ကို အနိုင်ကျင့် မှာပေါ့နော် ။ အနိုင်ကျင့် မခံရအောင် ပိုင်ဆိုင်သူဖြစ်အောင်ပေါ့နော် ” ဟု ဗိုလ်ချုပ်ကြီးဆေထင်က ပြောသည် ။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA အပစ် မရပ်သေး သည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်မှတ်ရေးထိုးရန် လိုအပ်ပြီး ညီလာခံပြင်ပတွင် အချိန်မဆွဲကြရန် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ပြောဆိုခဲ့သည် ။

အားလုံးပါဝင်မှု အပေါ် သူမအနေဖြင့် လိုလားသော်လည်း သူမ၏ အခက် အခဲအပေါ်တွင်လည်း နားလည်ကြရန် ပြောဆိုထားသည် ။

NCA အပစ်ရပ် လက်မှတ်ရေးထိုးပြီးနောက် ညီလာခံ ကျင်းပသည် မှာ နှစ်ကြိမ် ရှိပြီဖြစ်ေ သ်ာလည်း ကျင်းပ ခဲ့သည့် နှစ်ကြိမ်စလုံးမှာ နိုင်ငံရေးအရ အပြန်အလှန်ဆွေးနွေးမှုများ မပါခဲ့ပဲ စာတမ်းဖတ်ကြားရုံ အဆင့်သာ ရှိခဲ့သည်ဟု ဆိုကြသည် ။

NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် သျှမ်းပြည်တပ် မတော် မြောက်ပိုင်း အပါဝင် ကေအိုင်အိုမှ ဦးဆောင်နေသည့် UNFC အဖွဲ့ဝင်အများစုမှာ ယခင် နဝတ ၊ နအဖ စစ်အစိုးရ လက်ထက်က အမျိုး သား ညီလာခံနှင့် ကြုံတွေ့ခဲ့ပြီးဖြစ်ရာ စစ်မှန်သည့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာ ရေးအတွက် လက်ရှိ ကျင့်သုံး နေသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြင်ဆင် လိုနေသည် ။

” ဒါကြောင့် မိုင်ဂျာယန်မှာ လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေကော လက်မှတ်မထိုးေ သးတဲ့ အဖွဲ့တွေကော အားလုံး စုပေါင်းပြီးတော့ မူ ၈ ချက် ရတယ်လေ။ လုပ်သင့်တဲ့ မူ ၈ ချက်အရ သူတို့က သဘောတူရင် တော့ UNFC ကလည်း NCAကို လက်မှတ်ထိုးမှာပါ။ UNFC က အဲဒီ ၈ ချက်သာ သဘောတူရင် လက်မှတ်ထိုးကိုထိုးမှာပါ။ အဲဒါကိုကြည့်ုခြင်းအားဖြင့် UNFC ကလည်း NCA ကို လက်မှတ်ထိုးဖို့ ဆန္ဒရှိနေတယ်ဆိုတာကို ပြတာပါပဲ။ ” ဟု ဗိုလ်ချုပ်ကြီးေ ဆထင်က ပြောသည် ။

တိုင်းရင်းသားများ တင်ပြသည့်အချက် ၈ ချက်တွင် နှစ်ဘက် အပစ်ရပ်ရေး တပြိုင်နက် ကြေငြာရေးနှင့် မူဘောင်ပြင်ဆင်ရေးတို့မှာ အဓိက အနေဖြင့် ပါဝင်ပြီး တိုင်းရင်းသားများမှာ သုံးပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးမှု လိုလား သည်ဟု ဗိုလ်ချုပ်ကြီးဆေထင်က ဆိုသည် ။

” နိုင်ငံ၏ ကာလအတန်ကြာ ပြည်တွင်းစစ်ပြဿနာမှာ ပြည်ထောင်စု မဖြစ်သည့် တပြည်ထောင် အာဏာရှင်စနစ်ကို အခြေခံ အခြေခံ ဥပဒေများကြောင့် ဖြစ်ပွားနေခြင်းဖြစ်ပြီး ၂၀၀၈ အခြေခံ ဥပဒေကိုပြင်ဆင်ပြီး တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ ပေါ်ပေါက် လာမှသာ ပြည်တွင်းစစ် ချုပ်ငြိမ်းမည်” ဟု ဗိုလ်ချုပ်ကြီးဆေထင် က အောက်တိုဘာလ ၃၀ ရက်နေ့တွင် သျှမ်းသံတောင်ဆင့် သို့ ပြောသည် ။

No comments: