Wednesday, November 23, 2016

လပွတ္တာမြို့နယ်မှ စိုက်ပျိုးမှုမလုပ်ရန်တားမြစ်ထားသည့် လယ်ပေါ်မှ စပါးများအား တိုင်းအစိုးရ အစီအမံဖြင့် ရိတ်သိမ်းမည်ဖြစ်

စည်သူမောင်မောင်

လပွတ္တာမြို့နယ်၊ ကြာကန်ကွင်းပေါက်သစ်တောပိုင်မြေလယ် မြေ၂၇၀၀ဧကတွင် တိုင်းအစိုးရ စိုက်ပျိုးမှုမလုပ်ရန်တားမြစ်ထားသည့် လယ်ပေါ်မှ စပါးများအား တိုင်းအစိုးရ အစီအမံဖြင့် ရိတ်သိမ်းမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးကျော်မြင့်က မဇ္ဈိမသို့ပြောသည်။

"အခု ရိတ်သိမ်းတဲ့ကာလကို ရောက်ပြီး စိုက်ပျိုးခွင့်မရှိပါဘူးလို့ တားမြစ်ထားတဲ့ကြားက ဝင်ရောက်စိုက်ပျိုးတဲ့သူတွေက ရိတ်သိမ်းဖို့လုပ်တဲ့အခါ တဘက်ကစိုက်ပျိုးခွင့်မရသူတွေက ဝင်ရောက် ရိတ်သိမ်းယူမယ်ဆိုပြီးလုပ်တော့ နှစ်ဘက်ထိပ်တိုက်ရင်ဆိုင်မှုတွေကြုံလာတဲ့ အချိန်ဖြစ်လာတယ်၊ ပြဿနာပိုကြီးလာပြီး နှစ်ကြိမ်ဖြစ်ခဲ့သလို လူတွေအသက်ဆုံးရှုံးမယ်၊ အန္တရာယ်တွေ မြင်လာလို့ တိုင်းဒေသကြီးအစိုးရက လုံခြုံရေးယူပြီး တရားမဝင်စိုက်ပျိုးထားတဲ့ သစ်တောပိုင်မြေက လယ်တွေရိတ်သိမ်းမယ်၊ ရိတ်သိမ်းစရိတ်များ၊ လုံခြုံရေးထိန်းသိမ်းစရိတ်များ နှုတ်ပြီး ကျန်တဲ့ရရှိလာတ့ စပါးတွေကို ဒေသခံလူထု စားဝတ်နေရေး အဆင်ပြေအောင်ရယ်၊ ဒေသဖွံဖြိုးရေးသုံးရန်အတွက် တိုင်းအစိုးရ ဆုံးဖြတ်ချက်နဲ့ စပါးခင်းများကို ရိတ်သိမ်းရခြင်း ” ဖြစ်ကြောင်း လပွတ္တာမြို့နယ်ကိုယ်စားလှယ်၊ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

လပွတ္တာမြို့နယ်၊ကြာကန်ကွင်းပေါက် သစ်တောပိုင်မြေယာ အငြင်းပွားမှုကြောင့် ၂၀၁၅ ခုနှစ်နှင့်၂၀၁၆ ခုနှစ်များတွင် လယ်ယာမြေအတွက် တဘက်နှင့်တဘက် လူသေအထိ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

"ကြာကန်ကွင်းပေါက်လယ်မြေမူလ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်က လယ်စိုက်တဲ့။ ဒါပေမယ့် သစ်တောမြေပါ၊ သစ်တောမြေအဖြစ်စွန့်လွှတ်ထိုက်တဲ့ စည်းကမ်းတွေနဲ့ ကိုက်ညီတဲ့မြေနေရာတွေကို စွန့်လွှတ်လိုက်တဲ့အခါ သစ်တောမြေအဖြစ် မစွန့်လွှတ်တဲ့ မြေ၂၇၀၀ကျော် ဧက ကျန်တဲ့၊ မိုးရာသီအစ နှစ်စဉ်စိုက်ပျိုးသူတွေက ယခင်က ဒီမြေပိုင်ဆိုင်ခဲ့ပါတယ် ဆိုတဲ့သူတွေ စိုက်ပျိုးဖို့လုပ်လာတယ်၊ နှစ်ဦးနှစ်ဘက် အပြန်အလှန် ကြိုးစားလာလို့ ပြဿနာကြီးထွားလာလို့ တိုင်းဒေသကြီးအစိုးရက ကျွန်တော်ရယ်၊ ယာဆည်ဝန်ကြီး အငြင်းပွားနေသူတွေကို မျှမျှတတ ခွဲဝေစိုက်ပျိုးဖို့ ညှိနှိုင်းပေးပါတယ်။ မရတော့ ကျွန်တော်တို့ နှစ်ဘက်ဘယ်သူမှ မစိုက်ပျိုးဖို့ အမိန်ထုတ်ထားမြစ်ခဲ့ကြောင်း ၄င်းကပြောသည်။

တားနေတဲ့ကြားက စိုက်ပျိုး ၊ တဘက်နဲ့တဘက်ပြဿနာဖြစ်လို သေဆုံးခဲ့ရတယ် ၊အခုလည်း ရိတ်သိမ်းရင်ပြဿနာဖြစ်နိုင်တဲ့ အရင်အစိုးရလက်ထက်က လူသေခဲ့ရကြောင်း ဝန်ကြီးကဆိုသည်။

ကြာကန်ကွင်းပေါက်လယ်၂၇၀၀ဧကအား တိုင်းအစိုးရက ၇လပိုင်းတွင် နှစ်ဘက်လယ်သမားများအား စိုက်ပျိုးခွင့်ကိုတားမြစ်ခဲ့ပြီး၊ စိုက်ပျိုးလျှင် ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

No comments: