Friday, November 4, 2016

ဒေါ်အောင်ဆန်းစုကြည်ကို ကျိုတိုတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်

ဇေယျာမော်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်က ဂုဏ်ထူး ဆောင်ပါရဂူဘွဲ့ ပေးအပ်သည့်အတွက် လက်ခံရယူခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပွဲ အခမ်းအနားကို ဒေသစံတော်ချိန် ၁၄း၁၀ နာရီတွင် ကျိုတိုတက္ကသိုလ် Yamauchi Hall တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဆိုပါ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံရယူအပြီး ကျိုတိုတက္ကသိုလ်တွင် တက် ရောက်သင်ကြားနေသည့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ ကျောင်းသူ/ကျောင်းသား (၈) ဦးနှင့် ဒီမိုကရေစီ ၊ လွတ်လပ်ခွင့် နှင့်လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမေးမြန်းမှု အခမ်းအနားအား ဆက်လက်ပြု လုပ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူ ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျိုတိုတက္ကသိုလ်အပါအ၀င် အခြားတက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကျိုတိုမြို့တွင် ရောက်ရှိနေစဉ်အတွင်း ကျိုတိုမြို့တော် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တည် ခင်းသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

No comments: