Tuesday, November 22, 2016

ရခိုင့်သယံဇာတခွဲဝေ သုံးစွဲခွင့်ရရှိရေး တောင်းဆိုသည့် ခရီးရှည် လူထုချီတက်ပွဲ စတင်ပြီ

နိရဉ္စရာ၊


ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ဦးဆောင် ပြီး ဆုံးရှုံးနေသော ရခိုင်သဘာဝ သယံဇာ ခွဲဝေ သုံးစွဲခွင့်ရရေးနှင့် မြေယာခွဲဝေ ပိုင်ဆိုင်ခွင့်ရရှိရေး အတွက် တောင်းဆိုသည့် ခရီးရှည် လူထု ချီတက်ပွဲ ယခုအခါ စတင်နေပြီ ဖြစ်သည်။

စစ်တွေ ၀င်္ကဘာကွင်းတွင် ယနေ့ နံနက် ၆ နာရီမှ စုဆုံပြီး ယခုအခါ လူပေါင်း ၁၀၀ ကျော်သည် စစ်တွေမြို့ထဲမှ စတင်ကာ စစ်တွေ- ရန်ကုန် ကားလမ်းမ အတိုင်း ချီတက်လာကြပြီ ဖြစ်သည်။ စစ်တွေမှ ကျောက်ဖြူထိ ချီတက်မည့် ယခု ခရီးစဉ်သည် ၇ ရက်ခန့် ကြာမြှင့်မည် ဖြစ်သည်။

ဝင်္ကဘာကွင်း တွင် ခရီးရှည် ချီတက်မည့်သူများ စုရုံးစဉ် ဦးဆောင်လူပ်ရှားသူများက ဟောပြောမှုများလည်း ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ကြွေးကြော်သံများလည်း ကြွေးကြော်ကာ ရခိုင်ပြည်နယ် သဘာဝသယံဇာတနှင့် မြေယာ ခွဲဝေပိုင်ဆိုင်ခွင့် ရခိုင်လူထု ကိုယ်တိုင် စီမံပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးကို တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

No comments: