Sunday, November 20, 2016

မူဆယ်တိုက်ပွဲတွင် ၂ ဦးသေဆုံးထားပြီး ဒဏ်ရာရသူ၂၃ ဦး အထိရှိလာ

စိုးသူအောင်

ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး မိုင်းပေါ်မြို့ပေါ်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် လက်ရှိ အချိန်ထိ ၂ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိထားတယ်လို့ မူဆယ်ခရိုင် ဆေးရုံမှ လူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းက မဇ္ဈိမကိုပြောပါတယ်။

“သေတာတော့ ၂ဦးရှိပြီ စိုးရိမ်ရတာက ၂ယောက် စုစုပေါင်းတော့ ဆေးရုံမှာ ၂၅ ဦးရောက်လာတယ်" လို့ ဒေါ်မြမြစန်းကဆိုပါတယ်။

တိုက်ပွဲကြောင့် နံနက် ၇ နာရီခွဲအထိ ရဲတပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် ၈ ဦးဒဏ်ရာရ ၁ ဦးသေဆုံးတယ်လို့ မူဆယ်မြို့ အုပ်ချုပ်ရေးပိုင်းမှ အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။ တိုက်ပွဲမှာ မိုင်းပေါ်မြို့တွင် နံနက် ၉နာရီ ၂၀ခန့်တွင် ရပ်နားသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၂၀ရက် နံနက် ၃ နာရီလောက်က စတင်ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် မူဆယ်မြို့ခံများ ထွက်ပြေးတိန်းရှောင်နေရပါတယ်။

ဒီနေ့ နံနက် ၃ နာရီ လောက်က တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က မိုင်တိုင်အမှတ် ၂၅၉ မှာရှိတဲ့ ဆော်လွန်တံတား ကို မိုင်းခွဲဖျက်စီးခဲ့ပြီး လက်ရှိအချိန်မှာ သန္နီတံတားလည်းမိုင်ခွဲဖျက်စီးခံလိုက်ရတယ်လို့ သိပေမယ့် အစိုးရဘက်ကတော့ သတင်းမထုတ်ပြန်ပေးသေးပါဘူး။

၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ လက်ရှိအချိန်ထိ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အဲ့ဒီ့ဒေသမှာ KIA၊ TNLA နဲ့ SSPP အဖွဲ့တွေ အခြေစိုက်တာဖြစ်သော်လည်း မည်သည့်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသည်ကိုမူ တိတိကျကျ မသိရသေးပေ။

No comments: