Thursday, November 3, 2016

ဖားကန့် ကျောင်းစိမ်းတူးဖော်ရေးကုမ္ပဏီ မီးလောင်

dvb

ကချင်ပြည်နယ် ဖားကန့်မြို့နဲ့ ၁ မိုင်အကွာမှာရှိတဲ့ ယူမာကျေးရွာရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့တဲ့လို့ ကုမ္ပဏီတွင်း ပျက်စီးဆုံးရှုံးမှု များခဲ့ပါတယ်။
မနေ့ည ၇ နာရီလောက်က မီးစတင်လောင်ကျွမ်းခဲ့တဲ့ဖြစ်ပြီး ည ၁၀ နာရီခန့်ကမှ မီးညွန့်ကြိုးခဲ့တာလို့ ဖားကန့် လွှတ်တော်ကိုယ်စားလှယ် ဦးတာရှီလာဆိုင်းက ပြောပါတယ်။

“ရတနာရောင်ခြည် ကုမ္ပဏီ ကျားကန့်သွားတဲ့လမ်း ယူမာအပိုင်းပေါ့။ မီးက ၁၀ နာရီလောက်မှ မီးညွန့်ကျိုးတာ။ ကုမ္ပဏီမှာက ဆီသိုလှောင်ထားတာရှိတယ်။ ကားအပိုပစ္စည်းပိုင်းဆိုင်ရာတွေ၊ စက်ရန္တာယား၊ ကားတာရာတွေဘာတွေလေ။ အဲဒီမှာလောင်စာတွေရှိနေတဲ့အခါကျတော့ လောင်စာတွေကုန်တော့ မီးငြိမ်းသွားတာပါ။ ကုမ္ပဏီဝင်းဆိုတော့ လူတွေထိခိုက်တာတော့မရှိ ဘူးလို့ပြောတယ်။ ဒါပေမယ့် ပစ္စည်းတွေတော့ရှုံးတာပေါ့ဗျာ။ ကားတာရာ အသစ်တွေ၊ ဆီပေါက်ဆာ ၄ လုံး ပျက်စီးသွားတယ်။ ကျနော်လည်းအဲလောက်ပဲ ကြားရသေးတယ်။”

မီးလောင်မှုကြောင့် ကုမ္ပဏီတွင်း ပျက်စီးဆုံးရှုံးမှုတွေများပေမယ့် ထိခိုက်သေဆုံးတာ မရှိသေးကြောင်းပြောပါတယ်။

No comments: