Wednesday, November 23, 2016

မောင်တောမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသူများအား ရခိုင်ပြည်နယ်အစိုးရက အကူအညီများ ပေးအပ်ခဲ့

မဇ္ဈိမ

မောင်တောမြို့နယ် အဘူဂျရားကျေးရွာအနီးတွင် အခြားကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်လာသူများအား ရခိုင်ပြည်နယ်အစိုးရက လူသားချင်းစာနာထောက်ထားမှု အကူအညီများအား နိုဝင်ဘာလ ၂၀ ရက်နေ့က ပေးအပ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ထားသည်။

ဒါးကြီးစား ကျေးရွာနှင့် မျောတောင် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူ ၁,၂၁၃ ဦး သည် မောင်တောမြို့နယ် အဘူဂျရားကျေးရွာအနီးတွင် ယာယီတဲများဖြင့် နေထိုင် လျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါ ကျေးရွာသူကျေးရွာသားများကို ဆန်အိတ် ( ၁၀၀) ၊ ငါးခြောက် ပိဿာ (၁၀၀) နှင့် ခေါက်ဆွဲခြောက် ဖာ (၁၀၀) စသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

No comments: