Sunday, November 6, 2016

အစိုးရတပ်နှင့် KIA ကြား ၂ ရက်ကြာ တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေးနေ

Kachinnews


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နယ်မြေ မှာ ၂ ရက်ကြာ အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်ပွားလာကြောင့် ဒေသခံ ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ ပါသည်။

တိုက်ပွဲ အရှိန်ကြောင့် မုံးဘော်၊ မန်ကောင်း ရွာမှ အိမ်ထောင်စု ၆၀ ခန့် သည် လက်ရှိ မန်ပင်း ရွာ ခရစ်ယာန် ဘုရားကျောင်းမှာ လာရောက်ခိုလှုံနေကြသည်ဟု မုံးဘော် ရွာလူကြီး တစ်ဦးထံမှ သိရသည်။

အစိုးရတပ်မ ၉၉ အောက် ခမရ ၃၁၃ တပ်ရင်း တပ်ဖွဲ့များ မှ KIA တပ်ရင်း ၃၆ အုပ်ချုပ်ရေး နယ်မြေဖြစ်သည့် မန်ကောင်းရွာ အထက် နေရာများကို ဝင်ရောက်လာသောကြောင့် ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ၃ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး ယနေ့မှာလည်း ပစ်ခတ်မှု ရှိခဲ့ သည်ဟု ရှေ့တန်း KIA သတင်းမှ သိရသည်။

တပ်မတော်ဘက်မှလည်း လက်နက်ကြီး ပစ်ခတ်မှု များ ရှိနေသည်ဟု ဒေသခံများ ပြောသည်။

နှစ်ရက်သာ တိုက်ခိုက်မှုအပြီး တပ်မတော်ဘက်မှလည်း စစ်အင်အား ပြန်လည် ဖြည့်တင်းနေသလို KIA ဘက်ကလည်း တပ်ကူများ ပြန်လည် ရောက်ရှိလာသည့် သတင်းကြောင့် ဒေသခံများ အနေဖြင့် စစ်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြား တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ဖြစ်သည့် တအောင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော် TNLA နှင့် အစိုးရတပ် ကြားမှာလည်း တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်

No comments: