Friday, June 22, 2012

ရသေ့တောင် ဒေသခံများ အသတ်ခံရမှု လူ ၂၀ ကျော် ဖမ်းဆီး

ခင်ဦးသာ

ရခိုင်ပြည်နယ် ရသေ့တောင်ဒေသခံ ရခိုင်တိုင်းရင်းသား ၁၀ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ သင်္ကာမကင်းသူ ၂၂ ဦး အား ဖမ်းဆီးထား ကြောင်း သိရသည်။

“ဖမ်းထားတယ်လို့ပဲ ပြောလို့ရပါမယ်၊ ဥပဒေဆိုင်ရာ၊ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေ ညှိနေဆဲဖြစ်လို့ အသေးစိတ် ပြောလို့မရသေး ပါဘူး”ဟု ရခိုင် ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီကို ပြော သည်။

လက်ရှိဖမ်းဆီးထားသည့် မသကာင်္သူ ၂၂ ဦးအပြင် သင်္ကာမကင်းသူ ၃၀ ၀န်းကျင်ကိုလည်း ထပ်မံ ဖမ်းဆီး စစ်ဆေးနေဆဲဖြစ် ကြောင်း သိရ သည်။

ဇွန်လ ၁၉ ရက်နေ့တွင် အသတ်ခံရသူများသည် ရသေ့တောင်မြို့နယ် ကူတောင်ရွာမှ ၈ ဦး၊ လောင်းချောင်းကျေးရွာမှ ၁ ဦးနှင့် ဦး ဂါရွာမှ ၁ ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့၏ ရုပ်အလောင်းများကို ယမန်နေ့တွင် ပြန်လည်ရရှိခဲ့ကြောင်း၊ ရုပ်အလောင်းများ၌ ကိုယ် လက်အင်္ဂါ အစုံအ လင် မ ပါရှိတော့ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၏ ရသေ့တောင် မြို့နယ် ဥက္ကဋ္ဌ ဦးလှမြင့် က ပြောသည်။

“အလောင်း ၈ လောင်းကို အနောက်ပြင်ရွာက ဘင်္ဂါလီလူမျိုး အိမ်တအိမ်ရဲ့ ခြံထဲမှာ မြှုပ်ထားတာ ပါ၊ တလောင်း က မီးရှို့ခံ ထားရတယ်၊ ဒီအ လောင်းတွေကို ကူတောင်ကို ပြန်ယူလာပြီးတော့ ဂူသွင်းသင်္ဂြိုဟ် လိုက်ပါပြီ”ဟု ဦးလှမြင့်က ဆိုသည်။

အသတ်ခံရသူများသည် ဘင်္ဂါလီလူမျိုးများနေထိုင်သည့် အနောက်ပြင်ရွာအနီး၌ အသတ်ခံခဲ့ရကာ ရုပ်အလောင်းများအား ဘင်္ဂါလီ တို့က ယူ ဆောင်သွားခြင်းဖြစ်ကြောင်း၊ အနောက်ပြင်ရွာမှ သင်္ကာမကင်းသည့် ဘာသာရေးခေါင်းဆောင်တချို့အား စစ်တပ် နှင့် ရဲတပ်ဖွဲ့တို့က ဖမ်း ဆီး စစ်ဆေးရာမှ မြှုပ်နှံထားသည့် လူသေအလောင်းများကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကူတောင်ရွာနှင့်အနောက်ပြင်ရွာ အကြားရှိ ရခိုင်လူမျိုးများနေထိုင်ရာ အောက်ရွာငယ်အား ဘင်္ဂါလီလူမျိုးများက မီးရှို့နေသည့် အတွက် ကူ တောင်ရွာက လူ ၂၀၀ ၀န်းကျင်သည် အောက်ရွာသို့ လိုက်သွားကြကြောင်း၊ ဘင်္ဂါလီတို့ က ၎င်းတို့နေ ထိုင်သည့် အနောက်ပြင် ရွာထဲ သို့ ၀င်ပြေးပြီး အသံချဲ့စက်ဖြင့် နှိုးဆော်လိုက်ရာ ဘင်္ဂါလီ လူမျိုး ၆၀၀ ၀န်းကျင်သည် တုတ်၊ ဓားများဖြင့် ထွက်လာကြပြီး တိုက်ခိုက်ရာမှ ရခိုင် လူမျိုး များ သေဆုံးခဲ့ရကြောင်း ဒေသခံများ က ပြောပြသည်။

“ရခိုင် ၁၀ ဦး အပြင် ဘင်္ဂါလီဘက်လည်း ၂ ယောက်သေတယ်၊ ဒါပေမယ့် သူတို့က ဒီပြဿနာ ထဲ မှာ ပါလို့ သေတာလား၊ဘာကြောင့် သေ တယ်ဆိုတာ ကျနော်တို့ မသိရသေးပါဘူး၊ သူတို့ အလောင်းတွေက ဆေးရုံမှာ ဆရာဝန် ဆေး စစ် ချက်ခံယူ ထားတယ်၊ ဒဏ်ရာတော့ မတွေ့ရဘူး”ဟု ဦးလှမြင့် က ပြောသည်။

ထိုအရေးအခင်း၌ ဘင်္ဂါလီတို့ဘက်က တူမီး သေနတ်ကိုပါ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ ဒဏ်ရာရသူများဖြစ်သည့် ဦးလှ သိန်းထွန်း၊ ဦးကျော်ဝင်း၊ ဦးဌေးချေ တို့ ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။

ထိုသို့ နှစ်ဦးနှစ်ဘက် ပြဿနာကြီးထွားသွားခြင်းသည် အာဏာပိုင်အဖွဲ့တို့၏ လုံခြုံရေး တာဝန်ယူမှု အားနည်းသည့်အတွက်ဖြစ်ကြောင်း၊ လုံခြုံ မှု မရှိသည့်အတွက် ရခိုင်တိုင်းရင်းသားများသည် ဘင်္ဂါလီလူမျိုးများနှင့်နီးစပ်သည့်ကျေးရွာများ၌ မနေရဲကြတော့ဘဲ မြို့ပေါ်ရှိသို့ ထွက်ပြေး လာနေကြကြောင်း၊ ရသေ့တောင်မြို့တွင် ဒုက္ခသည် စခန်း ၁၄ ခုရှိလာပြီ ဖြစ်ကြောင်း၊ယခုအခါ လုံခြုံရေးများ ချပေး ထား ကြောင်း သိရသည်။

“ရသေ့တောင်မှာ ဖြစ်သွားတဲ့ ပြဿနာတွေဟာ မတော်တဆဖြစ်သွားတာပါ၊ အခုတော့ လုံခြုံရေး တွေ ချပေးထားပြီးပါပြီ၊ လူ တွေ ကတော့ အိမ်တအိမ် စစ်သားတယောက် လိုချင်နေကြတယ်၊ ဒီလိုကျတော့လည်း မဖြစ်နိုင်ဘူး ပေါ့”ဟု ဦးဝင်းမြိုင်က ဆို သည်။

ရသေ့တောင်မြို့နှင့် ဒေသတ၀ိုက် ကျေးရွာများ၌ အစိုးရခြေမြန်တပ်ရင်း ၅၃၈ မှ တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။“အရင်တုန်းကတော့ တပ်မတော်အစိုးရ လက်ထက်ဆိုတော့ အေးချမ်းတာပေါ့၊ အခုက ဒီမိုကရေစီ အစိုးရ ဆိုတော့ စစ်တပ် တွေ အစား ရဲတပ်ဖွဲ့တွေကိုပဲ လုံခြုံရေးတာဝန် ပေးထားတော့တယ်၊ ကျေးရွာအဆင့်တွေမှာ လုံခြုံရေး မရှိဘူး ပေါ့”ဟု ဦးဝင်းမြိုင် က ပြောသည်။

ရသေ့တောင်မြို့နယ်မှ သေဆုံးသွားသူများမှာ ဦးစောသန်း (အလယ်တန်းပြ)၊ ဦးပြူးချေ၊ ဦးသောင်းရွှေ ထွန်း၊ ဦးသန်းရွှေ၊ဦးသန်းဝင်း၊ ဦး သန္တာအောင်(ရပ်ရွာစာရေး)နှင့် ၎င်း၏သား မောင်ထွန်ထွန်း၊ ဦးထွန်း ဘော်၊ ဦးတင်လှိုင်(စစ်မှုထမ်းဟောင်း)နှင့်ပြဇာတ် မင်းသား ဦး ကျော် မင်းထွန်း တို့ ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စစ်တွေ၊ မောင်တော အစရှိသည့် ဒေသများ အပါအ၀င် သေဆုံးသူ စုစုပေါင်း ၈၀ ၀န်းကျင်ရှိပြီး ကျေးရွာ၊ နေအိမ် အများအပြား မီးရှို့ခံရသည့် အတွက် ဒုက္ခသည် ၉၀၀၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသမှ အမျိုးသမီး တဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက် တောင်ကုတ်မြို့ ၌ လူ ၁၀ ဦး အသတ် ခံခဲ့ ရသည်။

ထိုလူ ၁၀ ဦး အသတ်ခံရမှုအား ပြည်ထောင်စု အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးဆောင်သော စုံစမ်းရေး ကော် မတီ သည် တောင်ကုတ်မြို့၌ ရုံးထိုင် စစ်ဆေးနေပြီး မြို့ခံ ၁၀၀ ၀န်းကျင်အား ခေါ်ယူမေးမြန်း၍ မှတ်တမ်းများ ယူထားကြောင်း ဒေသခံများ က ပြော သည်။

တောင်ကုတ် လူသတ်မှုနှင့် ရခိုင်ဒေသတွင်း အဓိကရုဏ်းများ၊ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းသည် နောက်ကွယ် မှ ကြိုး ကိုင် သူ တချို့ရှိကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတချို့က အကွက်ချ စီစဉ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ် နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

No comments: