Sunday, June 24, 2012

စည်ပင်က စစ်တွေ ဈေးကြီးကို ပြန်ဖွင့်လှစ်လိုသော်လည်း ဈေးကော်မီတီက တာဝန် မယူ

နိရဉ္စရာ

စစ်တွေဈေးကြီးကို မြို့နယ် စည်ပင်က ဖွင့်လှစ်လိုသော်လည် ဈေးကော်မီတီက တာဝန် မယူသဖြင့် ဈေးကြီး ဖွင့်လှစ်ရေးမှာ မရေမရာ ဖြစ်နေ ကြောင်း ဒေသခံ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

“ ဈေးကြီးကို စည်ပင်ကတော့ ပြန်လည် ဖွင့်လှစ်လိုနေပါတယ်။ ဒါပေမယ့် ဈေးကော်မီတီက တာဝန် မယူတဲ့ အတွက် မဖွင့်နိုင်ဘဲ ဖြစ်နေပါ တယ်” ဟု သူက ပြောသည်။

စစ်တွေဈေးကြီးကို တည်ငြိမ်မူ မရှိဘဲ ဖွင့်လှစ်ပါ နောက်ထပ် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် ဈေးကော်မီတီ က လော လောဆယ် ဈေးကြီး ပြန်လည် ဖွင့်လှစ်ရေးကို ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဈေးကော်မီတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ ဈေးကြီးထဲမှာ မွတ်ဆလင် လူမျိုးတွေပိုင်တဲ့ ဆိုင်တွေလည်း ရှိနေတယ်။ ဈေးကြီးဖွင့်ရင် အဲဒီဆိုင်တွေ ဖျက်ဆီးတာတို့ လုယက်တာတို့ ဖြစ် လာနိုင်တယ်။ ဒါကြောင့် လောလောဆယ်မှာ ဖွင့်ရင် အကျိုးထက် အပြစ် များနိုင်ပါ တယ်။ ဒါကြောင့် ဈေးကြီးကို ဖွင့်လှစ်ရေးကို ရပ်ဆိုင်း ထားဖို့ ကျွန်တော်တို့က တင်ပြထားတာ ဖြစ်ပါတယ်” ဟု သူက ပြော သည်။

ဈေးကြီးကို မဖွင့်လှစ်နိုင်သေးသော်လည်း အရံဈေးများ ဖြစ်သည့် ငါးဈေးနှင့် ဟင်းသီးဟင်းရွက်ဈေးများကို ဖွင့်လှစ်ထားပြီ ဖြစ်သဖြင့် စစ် တွေမြို့သူ မြို့သားများ အတွက် အဆင်ပြေနေကြောင်း ဈေးကော်မီတီ တာဝန်ရှိသူက ပြောသည်။

စစ်တွေမြို့တွင် ဈေးကြီးကို ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း မြို့ထဲရှိ ဈေးဆိုင်အများအပြားကို ဖွင့်လှစ်ရောင်းချနေပြီ ဖြစ် ကြောင်း သိရသည်။

No comments: