Saturday, June 23, 2012

ထိုင်းနိုင်ငံ သျှမ်းသံဃာတော်များညီလာခံမှ ဥက္ကဌသစ်ရွေးချယ်

သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံ သျှမ်းသံဃာတော်များညီလာခံကို ယခင်အပတ်က ချင်းမိုင်မြို့ ဝပ်ပါပေါက်ကျောင်းတိုက်၌ ကျင်းပရာ အဖွဲ့၏ ဥက္ကဌသစ်အား အ သစ်ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ကြားသိရပါသည်။

ယခုလ ၁၈ ရက် နယုန်လကွယ်နေ့က သျှမ်းသံဃာတော်များညီလာခံကိုကျင်းပရာ ယမန်နှစ်ကဆောင် ရွက်ပြီး စီးခဲ့သော လုပ်ငန်းများ၊ လှုပ် ရှားမှုများ တင်ပြခဲ့ကြပြီး ရှေ့ဆက်လုပ်ငန်းဆောင်တာများနှင့် စီမံကိန်းများ လည်းချမှတ် နိုင်ခဲ့သည်ဟုလည်း သံဃာတော်များ အ သိုင်းအ ဝိုင်းကဆိုပါသည်။

အဆိုပါ သံဃာတော်များညီလာခံသို့ ထိုင်းနိုင်ငံမြောက်ဘက်ခြမ်း ချင်းမိုင်၊ ချင်းရိုင်းနှင့်မယ့်ဟောင့်ဆောင် ခရိုင်အတွင်းရှိ သျှမ်းဘုန်းကြီး ကျောင်း ၃၀ ကျော်မှကျောင်းထိုင်ဆရာတော်များအပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မဟာကျူးလား တက္ကသိုလ်မှ သံဃာ တော်များပါ တက် ရောက်ရာ စုစုပေါင်းအင်အား အပါး ၅၀ ကျော်ရှိပါသည်။

၎ နှစ်တာ အဖွဲ့၏ဥက္ကဌအဖြစ် တာဝန်ကျေဆောင်ရွက်ခဲ့သော ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့ရှိ ဟွေ့ခိုက်ဆရာတော် ထိရကစ် ကောသလ္လ သည် သက်တော်ကြီးရင့်လာသည့်အလျောက် တာဝန်မှရပ်နားခွင့်ပြုရန်တင်ပြသည့်စာကြောင့် ချင်းမိုင် ခရိုင် ဖှန်မြို့နယ် ဝိန်းဝိုင် ကျောင်း တိုက်မှ ကျောင်းထိုင် ဆရာတော်ဦးစရိန္ဒ်အား ဥက္ကဌသစ် အဖြစ်ရွေးချယ်တင်မြှောက်ခဲ့သည်။

ထိုင်းနိုင်ငံ သျှမ်းသံဃာတော်များအဖွဲ့အစည်းကို ၁၉၇၄ (သာသနာသက္ကရာဇ် ၂၅၁၇ ) ကစတင်တည်ထောင်ခဲ့ရာ ထိုစဉ်က ‘ ထိုင်းနိုင်ငံ သံ ဃာတော်များ ’ ဟူ၍သာ နာမည်ပေးထားသည်။ ထိုစဉ်က ချင်းရိုင်းခရိုင် မုံးဖန်းမြို့နယ် မုံ့ဇွမ်းကျောင်းတိုက် ကျောင်းထိုင်ဆရာ တော် သုစိန္ဒာ သုမင်္ဂလ က ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။ အဖွဲ့အစည်း၏ အဓိက ရည်ရွယ်ချက် ၃ ခုမှာ ၁- အမျိုးသား ရေးကို ပံ့ပိုးဆောင် ရွက်ရန် ၂- သာသနာတိုးတက်မြင့်မားရေးကို ဆောင်ရွက်ရန်နှင့် ၃- စာပေနှင့်ယဉ်ကျေးမှု တိုးတက် မြင့်မားရေး ဆောင်ရွက်ရန် စသည် တို့ဖြစ်သည်။

လွန်ခဲ့သည့် ၄ နှစ်ခန့် သာသနာသက္ကရာဇ် ၂၅၅၁ က‘ထိုင်းနိုင်ငံ သံဃာတော်များ ’အဖွဲ့အစည်းအား အမှုဆောင်အဖွဲ့အသစ် ပြန်လည် ရွေး ချယ်ကာ ‘ထိုင်းနိုင်ငံ သျှမ်းသံဃာတော်များအဖွဲ့အစည်း’ (Tai Sangha Association) ဟူသောနာမည်ပါ ပြောင်းလိုက်သည်။ မဟာ နာယက မှာ ချင်းမိုင်ခရိုင် ဖှန်မြို့နယ် ဟိုဖိုင်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဦးကောဝိဒ ဖြစ်သည်။

ထိုင်းနိုင်ငံ သျှမ်းသံဃာတော်များအဖွဲ့အစည်းတွင် နာယက (အတိုင်ပင်ခံပုဂ္ဂိုလ်) ၄ ပါးရှိရာ ၁-မယ်ဟောင့် ဆောင် ဝပ်ဖရာ့ နောန်း ကျောင်း တိုက် ဆရာတော်ဦးသာသန ၂- ချင်းမိုင်မြို့ ဝပ်ပါပေါက်ကျောင်းတိုက် ကျောင်း ထိုင် ဆရာတော် ဦးအိန္ဒာ ၃-ချင်းရိုင်းမြို့ ဆန် ပါကော် ကျောင်း တိုက် ကျောင်းထိုင်ဆရာတော် ဦးကဏ္ဍိတနှင့် ၄-ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ဟွေ့ခိုက် ကျောင်းထိုင် ဆရာတော် ဦးထိရကစ် ကောသလ္လ တို့ဖြစ်သည်။ ထို့အပြင် ဒုဥက္ကဌလည်း ၄ ပါး ရှိသည်။

ချမှတ်ထားသောရည်ရွယ်ချက်များဖြစ်သော ၁- ဗုဒ္ဓသာသနာတော်ပြန့်ပွါးရေး ၂-စာပေ၊ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာယဉ်ကျေး မှုပြန့်ပွား ရေး ၃- ပြည်တွင်းပြည်ပမှ သံဃာတော်များနှင့် ဆက်သွယ်ပူးပေါင်း လှုပ်ရှားရေး ၄- ထိုင်းနိုင်ငံရောက် သျှမ်းပြည် သားများအတွက် အား ကိုး အားပြု နိုင်သည့် မဏ္ဍိုင်တခု ဖြစ်ရန် ၅- တရားဝင် သျှမ်းသံဃာတော်များဖောင်ဒေးရှင်းတခု ဖြစ်မြောက်ရေး စသည်တို့အတွက် လာ မည့် ညီလာခံ၌ ဆက်လက်ဆွေးနွေး သွားမည်ဟုလည်း ဆရာတော်တစ်ပါးက မိန့်ကြားပါသည်။

No comments: