Sunday, June 24, 2012

ကရင်နီ အမျိုးသားနေ့သို့ ကျောင်းသား ၃၀၀၀ ချီတက်

ဂျွန်မိုးနိုင်၊ ကူးဒူ

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်း ကရင်နီ ဒုက္ခသည်စခန်းမှာ ယမန်နေ့က ကျင်းပပြုလုပ်တဲ့ ကရင်နီအမျိုးသားနေ့ နေ့ထူးနေ့မြတ် အခမ်းအနားကို ကျောင်းသား/သူ ၃၀၀၀ကျော် တက်ရောက်ခဲ့ကြပါတယ်။

ကရင်နီစာပေနှင့် ယဉ်ကျေးမှုဌာနမှ ကြီးမူးပြီး ဇွန်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ ၁၃၇နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို က ရင်နီအမှတ် (၁) ဒုက္ခသည်စခန်းမှာ ကျင်းပပြုလုပ်တာပါ။

ကရင်နီအလယ်-ထက် ပညာရေးမှူး ခူးဘူးရယ်က “ကရင်နီအမျိုးသားနေ့ရဲ့ ရည်မှန်းချက်တွေ၊ အ မျိုးသားရေး ဦးတည်ချက်တွေ နောက်ပြီး တော့ လှုပ်ရှားမှုတွေ၊ ကရင်နီအမျိုးသားတို့ရဲ့ သမိုင်းတွေကို အသေးစိတ်သိရတဲ့ အတွက် အင် မတန်မှ ဝမ်းသာပါတယ်။ ဂုဏ်လည်း ယူပါ တယ်။ ကရင်နီမှာ သမိုင်းအခိုင်အမာ ရှိတယ်ဆိုတာ သိရတော့ အများကြီး ဂုဏ်ယူစရာ ကောင်းပါတယ်။ နောက်ပြီးတော့ ကရင်နီအမျိုးသားနေ့မှာ ကရင်နီအမျိုးသားအားလုံး မိမိရဲ့ အမျိုးသားနေ့ကို သိပြီးတော့ မိမိရဲ့ တာဝန် ဝတ္တရားတွေကို သိပြီးတော့ အမျိုးသားနေ့မှာ ပါဝင်ချီတက်ဖို့ လိုလိမ့်မယ်လို့ ကျနော့် အနေနဲ့ ပြောချင်ပါတယ်” လို့ပြောပါ တယ်။

ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တပြည်ဖြစ်တယ် ဆိုတာကို ၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က အင်္ဂလိပ်အစိုးရနဲ့ ဗမာဘုရင် တို့ကနေ တရားဝင် အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၁၉၈၆ ခုနှစ်က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အဲ့ဒီနေ့ကိုအစွဲပြုပြီး အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

KnCC ကရင်နီအထက်တန်းလွန် ကျောင်းသူ ခင်ငြိမ်းချမ်းက “ကျမဒီအမျိုးသားနေ့မှာ ချီတက်ရတာပေါ့နော်၊ ကျမအရမ်းပဲပီတိ ဖြစ်မိ တယ်။ ဘာလို့လဲဆိုတော့ ကျမတို့ လူမျိုးတွေ ကိုချစ်တဲ့စိတ်တွေနဲ့ အဲ့မျိုး ပါဝင်ချီတက်ကြတယ်လို့ ကျမမြင်တယ်လေ။ အဲ့ဒါကျမကတော့ ပီတိဖြစ်မိတယ်ပေါ့” လို့ပြောပါတယ်။

ယနေ့ကျရောက်တဲ့ ကရင်နီအမျိုးသားနေ့ နေ့ထူးနေ့မြတ်ကို ထိုင်းနိုင်ငံက ကရင်နီဒုက္ခသည်တွေအပြင် ကရင်နီတပ်မတော် ထိန်းချူပ်ရာ တပ် စခန်းနဲ့ အမေရိကန်၊ ဖင်လန်နဲ့ သြစတျေးလျမှာ ရောက်နေကြတဲ့ ကရင်နီအမျိုးသားတွေကလည်း ကျင်းပပြုလုပ်ကြပါတယ်။

ယခုလက်ရှိ KNPP နဲ့အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ယူထားကြပေမဲ့ ယနေ့ကျရောက်တဲ့ ကရင်နီအမျိုးသားနေ့ကို ပြည်တွင်းမှာ ကျင်းပ နိုင်ခြင်း မရှိသေးပါဘူး။

No comments: