Sunday, June 24, 2012

SSPP နဲ့ အစိုးရ တပ်များ ပစ်ခတ်မှု ရပ်စဲ

ကော့လီ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော် တို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးအပြီးမှာ SSPP နဲ့ အစိုးရတပ် အကြား ဇွန်လ ၁၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများ ရပ် စဲသွားပြီလို့ ရှမ်း ပြည်တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ က ပြောကြားလိုက်ပါတယ်။

ဦးသိန်းဇော်နဲ့ မန္တလေးမှာ ဆုံတယ်လေ။ ၁၁ နာရီခွဲကနေ ၁ နာရီလောက်အထိ ညှိနှိုင်း ဆွေးနွေး ကြတယ်။ ကျနော်တို့ဘက်က ဖြစ်စဉ် တွေ တင်ပြတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ရှေ့ဆက် မဖြစ်ဖို့ကို ဆွေးနွေးတယ်။ အဲဒါတွေကို သူက သမ္မတဆီ တင်ပြတယ်။ သမ္မတက လည်း ဦးသိန်း ဇော်ကတဆင့် ကျနော်တို့ဆီ အကြောင်းကြားလာတယ်။ နှစ်ဖက်တပ် ရောက်ရှိနေတဲ့ နေရာမှာ ရပ်ဆိုင်းထားပြီးတော့ ပစ် ခတ်မှု မလုပ်ဖို့၊ ပြီးတော့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးဖို့ နှစ်ပတ်အတွင်း ဆောင်ရွက်ဖို့၊ တပ်တွေကို ထိန်းထိန်း သိမ်းသိမ်းနဲ့ပစ်ခတ်မှု မဖြစ် အောင်ကာကွယ်ရေး ဦးစီးချုပ်ကို သူက ပြောထားပြီးပြီ။ ကာကွယ်ရေး ဦးစီးချုပ် ကလည်း အရှေ့အလယ် ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးကို အကြောင်းကြားထားပြီး ဖြစ်တယ် လို့ ဦးသိန်း ဇော် ကပြောတယ်လို့ ဗိုလ်မှူး စိုင်းလ က ကော့လီ မီဒီ ယာ ကိုပြောပြပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော် နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီခန့်အထိ မန္တလေးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းပြည် တိုးတက် ရေးပါတီ ကိုယ်စားလှယ်အဖွဲ့မှာ အထွေအထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဆိုင်၊ ဗိုလ်မှူး ကျော်လှ၊ ဗိုလ်မှူး ခေးမောဝ်၊ ဗိုလ် ကြီး နော်လိတ် တို့ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် SSPP နဲ့ အစိုးရတပ်များ တိုက်ပွဲပြန်လည် ဖြစ်ပွားနေတာကို ကူညီဖြေရှင်းပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်း ဆောင် ခွန်ထွန်းဦးက သမ္မတ ဦးသိန်းစိန် ဆီကို မေတ္တာရပ်ခံတဲ့ စာတစ်စောင် ဇွန်လ ၂၁ ရက် နေ့စွဲနဲ့ ပေးပို့ခဲ့တယ်လို့လည်း သိရ ပါ တယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူး စိုင်းလ က – ခွန်ထွန်းဦး က သမ္မတ ဆီ မေတ္တာရပ်ခံတဲ့ စာဖြစ်ပါတယ်။ နှစ်ဘက် ပစ်ခတ်မှု မဖြစ်ဖို့ရယ်၊ ပြည်သူ တွေ အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့လို့ပါပါတယ်။ အဲဒီစာက အထောက်အကူ ပြုပါတယ်။ အဖက်ဖက်ကနေ ဝိုင်းဝန်းပြီး အ ကောင်း ဘက်ကို ဆောင်ရွက်ဖို့ တိုက်တွန်းတဲ့စာပဲလေနော့်။ ကျနော်တို့ ထာဝရငြိမ်းချမ်းရေးကို ချီတက်နေတဲ့အချိန်မှာ နိုင်ငံရေး ပါတီ တွေကော၊ ကျနော်တို့ လက်နက်ကိုင်တွေကော ဝိုင်းဝန်းပြီးတော့ လှုံ့ဆော်ရင်တော့ အောင်မြင်မယ်လို့တော့ ကျနော်တို့ မျှော်လင့်တယ် လေ လို့ ပြောပါတယ်။

ဇွန်လ ၁၇ ရက်နေ့မှာ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များနဲ့ ဟွေ့လွတ်ဒေသရှိ SSA တပ်ဖွဲ့များ စတင် တိုက် ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ် ဗျူဟာမှူးရဲ့ တောင်းဆိုမှုအရ ဇွန်လ ၁၈၊ ၁၉ ရက်နေ့များမှာ SSA က ပြန်လည်တိုက်ခိုက်ခဲ့ခြင်း မရှိပေ မယ့် ဇွန်လ ၂၀ ရက်နေ့မှာ အစိုးရတပ်က SSA ရဲ့ လွယ်ဖာဖင့်စခန်းကို တက်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ အခုအ ချိန်မှာ တော့ နှစ်ဖက်တပ်များ ရောက်ရှိရာမှာ အခြေပြု တပ်စွဲနေကြပြီး ပစ်ခတ်မှု မရှိတော့ဘူးလို့ သိရပါတယ်။

No comments: