Saturday, June 23, 2012

ရခိုင် ဆူပူမူကြောင့် ရခိုင်ကမ်းရိုးတန်းတွင် ကုန်တင်သင်္ဘောကြီး နစ်မြုပ်မူ လူသိနည်းခဲ့

ထွန်းထွန်း

ရခိုင်တွင် ဇွန်လ ၈ ရက်နေ့က စတင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူကို စိတ်ဝင်စားနေသူ များရာမှ ရခိုင်ကမ်းရိုးတန်းတွင် ကုန် ပစ္စည်း တန်ချိန် ၃၀၀ ခန့်တင်ဆောင် လာသော ကုန်တင် သင်္ဘော တစ်စီး နစ်မြုပ်မူကို လူ သိနည်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ ကျွန်တော်တို့ ဒေသက လူတွေက မောင်တောမှာ ဇွန် ၈ ရက်နေ့က ဖြစ် ပွားခဲ့တဲ့ ဆူပူ အကြမ်း ဖက်ကို ဘဲ စိတ်ဝင်စားနေကြတော့ ကိုယ့်ဒေသမှာ ကုန်တင် သင်္ဘောကြီး တစ်စီး နစ်သွားတာကိုတောင် အရေး မစိုက်နိုင်ခဲ့ဘူး။ သင်္ဘော က ဇွန်လ ၉ ရက်နေ့မှာ ရန်ကုန်ကနေ စစ်တွေကို ခုတ်မောင်း လာစဉ်မှာ ကျောက်ဖြူမြို့နယ် မုဆိုးမ ကျောက်တန်း အနီးမှာ နစ်မြုပ် သွား တာ ဖြစ်ပါတယ်” ကျောက်ဖြူဒေသခံ ကိုဗလက ပြောသည်။

နစ်မြုပ်သွားသော ကုန်တင် သင်္ဘောမှာ ရွှေဇေယာအောင်ကုန်သင်္ဘော ကြီး ဖြစ်သည်။ ကုန်ချိန်များပြီး ရာသီဥတု ဆိုးရွား၍ လိုင်းကြီး ရာ မှ နစ် မြုပ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ သင်္ဘောပေါ်မှာ ပါလာတဲ့ သင်္ဘောသား ၁၈ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အသေအပျောက်တော့ မရှိပါဘူး” ဟု သူက ပြောသည်။

သင်္ဘောကြီး နစ်မြုပ်သွားသဖြင့် တင်ဆောင်လာသော ကုန်ပစ္စည်း ကျပ်သိန်းပေါင်း ၂သောင်းကျော် ဆုံးရှုံးသွားသည်ဟု သိရသည်။

တင်ဆောင်လာသော ကုန် ပစ္စည်းများမှာ ဘိလပ်မြေ၊ ဓါတ်မြေသြဇာ၊ သကြား၊ ခေါက်ဆွဲ၊ ကျောင်းသုံး ဗလာစာအုပ်၊ လူသုံးကုန်၊ အလှ ကုန် ပစ္စည်းများ၊ အင်ဂျင်ဝိုင်များ၊ စားကုန်ပစ္စည်းများ စသည် ဖြစ်ကြောင်း စစ်တွေ ဆိပ်ကမ်းမှ အရာရှိ တစ်ဦးက ပြောသည်။

“ အဲဒီသင်္ဘောမှာ ပါလာတဲ့ ကုန်ပစ္စည်းတွေက စစ် တွေက ကုန်သည် ၆၅ ဦး မှာယူထားတဲ့ ပစ္စည်း တွေ ဖြစ်ပါတယ်။ အဲဒီပစ္စည်းတွေ မြုပ် သွားတဲ့အတွက် စစ်တွေမှာ ကုန်ဈေးနှုန်း တွေ ယခင်ကထက် ဈေးနှုန်း ၁၅ ရာခိုင်နှုန်းခန့် မြင့်သွား ပါတယ်” ဟု စစ်တွေမှ ကုန်သည်တဦးက ပြောသည်။

အဆိုပါ သင်္ဘောမှာ ပုဂ္ဂလိကပိုင် သင်္ဘောဖြစ်ကြောင်းနှင့် ရန်ကုန်မှ စစ်တွေသို့ ကုန်ပစ္စည်း တင်ပို့နေကျ သင်္ဘောများ အနက် ဇေယာ အောင် သင်္ဘောမှာ အကြီးဆုံးဖြစ်သည် ဟုသိရသည်။

ရခိုင်ကမ်းရိုးတန်းတွင် မိုးရာသီတွင် ခုတ်မောင်း သွားလာနေသော သင်္ဘောများမှာ ရာသီဥတုဆိုးဝါးမှုနှင့် လှိုင်း လေကြီးမူကြာင့် မကြာခဏ သင်္ဘောများ နစ်မြုပ်လေ့ရှိသဖြင့် ခရီးသည်များအနေဖြင့် ခရီးသွားလာရာတွင် အထူးသတိပြုသွားလာကြရသည်ဟု သိရသည်။

No comments: