Wednesday, May 22, 2013

အစိုးရနဲ့ ABSDF အဖွဲ့တို့ ထပ်မံတွေ့ဆံ

ABC

မြန်မာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသားများ ​ဒီမိုကရက်တစ်တပ်ဦး ​ABSDF ​ကျောင်းသားတပ်မတော်က ​နိုင်ငံရေး ​တွေ့ဆုံမှုတွေ ​ဆက်တိုက် ​ဖြစ်ပေါ်လာဖို့အတွက် ​ဝန်ကြီး ​ဦးအောင်မင်းဦးဆောင်တဲ့ ​မြန်မာအစိုးရရဲ့ ​ငြိမ်းချမ်းရေး ​ကိုယ်စားလှယ်အဖွဲ့နဲ့ ​ရန်ကုန်မြို့ ​ငြိမ်းချမ်းရေး ​စင်တာမှာ ​နှစ်ရက်ကြာ ​တွေ့ဆုံခဲ့ ​ပါတယ်။

ဒီဆွေးနွေးပွဲမှာ ​ABSDF ​အနေနဲ့ ​ငြိမ်းချမ်းရေးနဲ့ ​ပြန်လည်သင့်မြတ်ရေး ​မူအပေါ် ​ခြေခံပြီး ​ရည်ရွယ်ချက်တွေ ​ပေါက်မြောက်အောင်မြင်ဖို့အတွက် ​technical ​ကိစ္စတွေကို ​အဓိက ​ဆွေးနွေးခဲ့ကြောင်း ​ABSDF ​ဗဟိုဦးဆောင်ကော်မတီဝင်လည်းဖြစ် ​ABSDF ​ဆွေးနွေး ​ညှိနှိုင်းရေး ​အဖွဲ့ဝင် ​တစ်ဦးလည်းဖြစ်တဲ့ ​ဦးကျော်ကိုကို ​က ​အခုလို ​ပြောပါတယ်။

“ဒီဆွေးနွေးမှုပေါ်မှာတော့ ​ကျနော်တို့ ​ပိုမိုပွင့်လင်းရင်းနှီးမှုတွေ ​ကျနော်တို့ရှိလာတာ ​တွေ့ရတယ်၊ ​တဖက်မှာတော့ ​ဒီ ​နှစ်ရက်တာ ​ဆွေးနွေးမှုနဲ့ ​ပတ်သက်ပြီး ​ကျေနပ်အားရမှု ​ရှိကြတယ်၊ ​အထူးသဖြင့်ကတော့ ​ကျနော်တို့ ​ဒီ ​အပြစ်အခတ်ရပ်စဲရေး ​အပါအ၀င်ပေါ့နော် ​နှစ်ဖက် ​နိုင်ငံရေး ​ကိစ္စတွေ ​ဆက်ဆွေးနွေးညှိနှိုင်း ​ပရောဆက် ​(process) ​တွေ ​ဆက်သယ်ဆောင် ​နိုင်ဖို့အတွက် ​ကျနော်တို့ technical ​Level ​မှာ ​ကျနော်တို့ ​ညှိနှိုင်းကြတာပေါ့၊ ​အသေးစိတ်ကတော့ ​ကျနော်တို့ ​လောလောဆယ် ​သက်ဆိုင်ရာ ​တာဝန်ရှိသူတွေကို ​ပြန်တင်ပြမယ်၊ ​သူတို့ရဲ့ ​ဆုံးဖြတ်ချက်တွေနဲ့ ​ကျနော်တို့ ​ရှေ့ခရီးကို ​ဆက်ကြရမယ်။”


မြန်မာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသားများ ​ဒီမိုကရက်တစ်တပ်ဦး ​ABSDF ​ကျောင်းသားတပ်မတော်ဟာ ​၀န်ကြီး ​ဦးအောင်မင်းနဲ့ ​၃ ​ကြိမ်မြောက်တွေ့ဆုံတာ ​ဖြစ်ပြီး ​ABSDF ​ရဲ့ ​အဖွဲ့ကိုတော့ ​ဦးဆန်နီက ​ဦးဆောင် ​တွေ့ဆုံတာ ​ဖြစ်ပါတယ်။

နှစ်ပေါင်း ​၂၅ ​နှစ်လောက် ​မြန်မာအစိုးရကို ​လက်နက်ကိုင် ​တော်လှန်နေခဲ့တဲ့ ​မြန်မာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသားများ ​ဒီမိုကရက်တစ်တပ်ဦး ​ABSDF ​ကျောင်းသားတပ်မတော်နဲ့ ​မြန်မာအစိုးရတို့ကြားမှာ ​ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးသွားဖို့ ​သဘောတူခဲ့ကြတယ်လို့ ​သိရကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: