Friday, May 24, 2013

ALD မြို့နယ် ခေါင်းဆောင်များ သင်တန်းပေးမည်

နိရဉ္စရာ

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏ မြို့နယ် အဆင့် ခေါင်းဆောင်များ အတွက် စစ်တွေမြို့တွင် ပါတီတွင်း ရက်တို သင်တန်းတစ်ခု ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

“ သင်တန်းကို ဒီလ ၂၅ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။သင်တန်း ခေါင်းစဉ်ကို ပါတီ တည်ဆောက်ခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ လို့ နာမည် ပေးထားပါတယ်” ဟု ပါတီ ဗဟို အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

သင်တန်းသို့ ရခိုင်ပြည်နယ် မြို့နယ် တစ်ခုစီမှ ဥက္ကဌ (သို့မဟုတ်) အတွင်းရေးမှူး (သို့မဟုတ်) တာဝန်ခံ တစ်ဦးစီနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ တစ်ဦး၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ တစ်ဦးကျစီ တက်ရောက်ကြမည်ဖြစ်သည်။

“ စုစုပေါင်း၂၅ ဦး တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ အဓိကတော့ ပါတီ မူဝါဒ ပိုင်းဆိုင်ရာကို အလေးထားပို့ချမှာ ဖြစ်ပါတယ်။ ဥက္ကဌ ဦးအေးသာအောင်နဲ့ ပါတီ ဒုဥက္ကဌ ဦးကျော်မြင့်တို့က သွားရောက် ပို့ချမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

သင်တန်းကို မေလ ၂၅ ရက်ကနေ ၂၉ ရက်နေ့ ထိ ပြုလုပ်သွားမည်ဟု သိရသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) သည် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ် တွင် အမတ် နေရာ (၁၁) နေရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် ပါတီကို ဖျက်သိမ်းခံထားရရာမှ ပြန်လည်၍ မှတ်ပုံတင်နိုင်ခြင်းမရှိခဲ့သဖြင့် ၀င်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ချေ။

ပါတီကို ယခုအခါ မှတ်ပုံ ပြန်တင်ခဲ့ပြီး နိုင်ငံရေး ပါတီ တစ်ခု ဖြစ်သည် အညီ ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဟု ပါတီ တာဝန်ရှိသူများက ပြောသည်။

No comments: