Tuesday, May 7, 2013

မူးယစ်ဆေးတိုက်ဖျက်ဖို့ မြန်မာကို အချိန် ၅နှစ် တိုးပေး

ABC

မန်မာနိုင်ငံအနေနဲ့ ​မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှုပပျောက်အောင် ​ဆောင်ရွက်ဖို့ ​နောက်ထပ် ​၅နှစ် ​ထပ်တိုးခဲ့တယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံက ​ဒုရဲချုပ် ​ဦးဇော်မင်းက ​မြန်မာနိုင်ငံတွင်း ​ဘိန်းတိုးချဲ့စိုက်ပျိုးမှုတွေ၊ ​အင်ဖတမင်း ​စိတ်ကြွ ​ဆေးပြားထုတ်လုပ်မှုတွေ ​ပြည်တွင်းမှာထုတ်လုပ်တာတွေ ​ကြောင့်၊ ​မူးယစ်ဆေးဝါး ​စိုက်ပျိုးထုတ်လုပ်မှု ​ပပျောက်အောင် ​ဆောင်ရွက်ဖို့ ​ရက်ရွေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

တရုတ်၊ ​လာအို၊ ​ထိုင်း ​ကမ်ဘိုးဒီယားနဲ့ ​ဗီယက်နမ် ​နိုင်ငံတို့က ​ထိပ်တန်း ​အရာရှိ ​တွေ ​က ​မြန်မာ ​နိုင်ငံမှာ ​အစည်းအဝေး ​တက်ဖို့ရောက်ရှိနေပြီး၊ ​မြန်မာနိုင်ငံက ​မူးယစ်ဆေးဝါး ​ထုတ်လုပ်မှု ​အခြေအနေ ​အတိုင်းအတာတွေဟာ ​လူထုလုံခြုံရေးကို ​အန္တရာယ်ကြီးဖြစ်နေပြီလို့ ​သတိပေး ​လိုက်ပါတယ်။

နေပြည်တော်မှာ ​ကျင်းပနေတဲ့ ​ဝန်ကြီးအဆင့် ​အစည်းအဝေးကနေ၊ ​ကြာသပတေးနေ့မှာ ​မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ​ဒေသဆိုင်ရာပူးတွဲ ​ကြေညာစာတမ်း ​ထုတ်ပြန်ဖို့ ​ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ​၂၀၁၄ခုနှစ်မှာ ​မူးယစ်ဆေးဝါး ​စိုက်ပျိုးထုတ်လုပ်မှု ​ပပျောက်အောင် ​ဆောင်ရွက်ဖို့ ​ပစ်မှတ်ထားခဲ့ပေမယ့် ​အခု ​အခါမှာ ​၂၀၁၉ခုနှစ်ကို ​ပစ်မှတ်ထားရွေးဆိုင်းလိုက်ပြီဖြစ်တဲ့အကြောင်း၊ ​နိုင်ငံပေါင်း ​၆ ​နိုင်ငံက ​ဝန်ကြီးများ ​အစည်းအဝေး ​အဖွင့်မိန့်ခွန်းမှာ ​ပြောကြားခဲ့တယ်လို့ ​သိရပါတယ်။

၂၀၁၁ခုနှစ်က ​မြန်မာနိုင်ငံမှာ ​အင်ဖတမင်းစိတ်ကြွဆေးပြား ​အလုံးပေါင်း ​၅.၉သန်းဖမ်းဆီးရမိခဲ့တဲ့ ​အကြောင်း၊ ​ဒီထက်စောတဲ့ ​တနှစ်ထက်ကို ​၂ဆ ​အထိတိုးလာတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။ ​ကုလသမဂ္ဂ ​ကတော့ ​ဖမ်းဆီးရမိခဲ့ ​တဲ့ ​အရေအတွက်ဟာ ​တကယ်ထုတ်လုပ်နေတဲ့ ​အရည်အတွက်ရဲ့ ​တဆုပ်စာလောက်သာ ​ရှိ ​တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ​အရင်က ​ကမ္ဘာမှာ ​ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးထွက်တဲ့ ​နိုင်ငံအဖြစ်သတ်မှတ်ခံခဲ့ ​ရပြီး ​၁၉၉၁ခုနှစ်က ​စပြီး ​အဖ်ဂန်နစ္စတန် ​နိုင်ငံက ​ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးထွက်တဲ့ ​နိုင်ငံဖြစ်သွားပါတယ်။ ​မြန်မာနိုင်ငံရဲ့ ​ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ​စောစောပိုင်းက ​ကျဆင်းသွားခဲ့ပေမဲ့ ​၂၀၀၇ခုနှစ်ကစပြီး ​စိုက်ပျိုးမှု ​ပြန်လည် ​မြင့်တက်လာခဲ့တာ ​ဖြစ်ပါတယ်။

No comments: