Tuesday, May 14, 2013

မုန်တိုင်းသတင်း (မိုးဇလ)

DVB

၀၁၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၃း၀၀ နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် ၁၂း၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ (ကိုကိုးကျွန်း) ၏ အနောက်တောင်ဘက် မိုင် ၆၄၀ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၅၀ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် ၅၆၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ဗီဇာကာပတ္တနမ်မြို့ ၏ အရှေ့တောင်ဘက်မိုင် ၂၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၆၀ အထိ ရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလေ်ွာက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၁ နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာရှိသော်လည်း နောက်ဆုံးတိုင်းထွာရရှိသော ခန်မှန်းချက်အရ မေလ ၁၆ ရက်နေ့ ညပိုင်းခန့်တွင် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

No comments: