Wednesday, May 22, 2013

သြစီမိုင်းတွင်းလုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးမြုပ်နှံဖို့ မျော်လင့်

ABC

သြစတြေးလျနိုင်ငံက ​မိုင်းတွင်းလုပ်ငန်းကုမ္ပဏီတွေ ​မြန်မာနိုင်ငံမှာ ​ပိုမိုရင်းနှီးမြုပ်နှံမူတွေ ​လုပ်ဖို့ ​မျော်လင့်ကြောင်း ​မြန်မာနိုင်ငံ ​သတ္တုတွင်းဝန်ကြီး ​ဒေါက်တာ ​မြင့်အောင်က ​ပြောပါတယ်။

ရင်းနှီးမြုပ်နှံမှုတွေ ​ပိုမို ​လုပ်ကြဖို့အတွက်လည်း ​မြန်မာအစိုးရက ​သတ္တုတွင်းလုပ်ငန်းနဲ့ ​ပတ်သက်တဲ့ ​ဥပဒေကို ​ပြင်ဆင်ရေးဆွဲနေပြီး ​လာမယ့်နှစ်အတွင်း ​ထုတ်ပြန်နိုင်ဖို့ ​မျော်လင့်နေကြောင်းလည်း ​သိရပါတယ်။

ဥပဒေသစ်အရ ​နိုင်ငံခြားကုမ္ပဏီတွေအတွက် ​သေချာရေရာတဲ့ ​ဥပဒေတွေနဲ့ ​ပိုမိုကောင်းမွန်တဲ့ ​စည်းကမ်းသတ်မှတ်ချက်တွေကို ​ပေးစွမ်းနိုင်ဖို့ ​ရှိနေပါတယ်။

မြန်မာနိုင်ငံက ​မိုင်းလုပ်ငန်းဥပဒေဟာ ​နိုင်ငံတကာအဆင့်မှီတဲ့ ​ဥပဒေဖြစ်မယ်လို့လည်း ​ဝန်ကြီး ​ဒေါက်တာမြင့်အောင်က ​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ​မိုင်းတွင်းလုပ်ငန်းဟာ ​အာရှ-ပစိဖိတ်ဒေသတွင်းမှာ ​ပွင့်လင်းမြင်သာမှု ​အနည်းဆုံးရှိတဲ့ ​နိုင်ငံလို့ ​အမေရိကန်နိုင်ငံက ​စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့က ​ပြောခဲ့တာကိုလည်း ​မြန်မာအစိုးရက ​ငြင်းဆိုထားပြီး ​မြန်မာနိုင်ငံအနေနဲ့ ​မိုင်းတွင်းလုပ်ငန်း ​ပွင့်လင်းမြင်သာမှု ​ရှိအောင် ​လုပ်ဆောင်နေပြီလို့ ​ပြောလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ​မိုင်းတွင်းလုပ်ငန်း ​ပညာရှင်တွေ၊ ​နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ​လူမှုအသင်းအဖွဲ့တွေနဲ့ ​ပူးပေါင်းပြီး ​အကြံဥာဏ်ရယူတာတွေ ​ဥပဒေသစ်တွေ ​ထုတ်ပြန်နိုင်အောင် ​လုပ်ဆောင်နေပြီ ​လို့ ​ပြောလိုက်ပါတယ်။

No comments: