Tuesday, May 7, 2013

တိုင်းရင်းသားပါတီတွေနဲ့ သမ္မတတွေ့ဆံ

ABC

မြန်မာနိုင်ငံတော် ​သမ္မတဦးသိန်းစိန်က ​တိုင်းရင်းသားပါတီတွေနဲ့ ​နိုင်ငံရေးပါတီတွေနဲ့ ​နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး ​ငြိမ်းချမ်းရေးကိစ္စအပါအ၀င် ​ရခိုင်ပဋိပက္ခအစီရင်ခံစာအကြောင်း ​တွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ပါတီ ​၈ ​ပါတီနဲ့ ​နိုင်ငံရေးပါတီ ​၁၀ ​ပါတီတို့က ​သမ္မတဦးသိန်းစိန်ရဲ့ ​ဖိတ်ခေါ်ချက်နဲ့ ​နေပြည်တော်မှာ ​တတိယ ​အကြိမ်မြောက် ​တွေ့ဆုံ ​ဆွေးနွေးခဲ့ကြတာ ​ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေက ​သမ္မတ ​ဦးသိန်းစိန်ကို ​တပ်မတော်နဲ့ ​တိုင်းရင်းသားလက်နက်ကိုင် ​အဖွဲ့အစည်းတွေအကြား ​စစ်ရေးတင်းမာမှု ​အခြေအနေတွေ၊ ​နိုင်ငံသားဖြစ်မှု ​ဥပဒေနဲ့ ​ပတ်သက်တဲ့ ​ကိစ္စတွေနဲ့ ​ငြိမ်းချမ်းရေး ​ကိစ္စရပ်တွေ၊ ​ရခိုင်အစီရင်ခံစာအကြောင်းတွေကို ​ပါတီတစ်ခုချင်းအလိုက် ​၅ ​မိနစ်စီ ​တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။ ​တွေ့ဆုံဆွေးနွေးပွဲမှာပါတဲ့ ​ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရေစီအဖွဲ့ချုပ် ​SNLD ​ပါတီ ​ဥက္ကဌ ​ဦးခွန်ထွန်းဦးက ​ရေဒီယို ​သြစတေးလျ ​သတင်းဌာနကို ​အခုလို ​ပြောပြပါတယ်။

“၁၈ ​ပါတီဆိုတော့ ​၁၈ ​မျိုးပေါ့၊ ​တိုင်းရင်းသား ​နယ်မြေတွေမှာ ​အေးချမ်းမှု ​မရှိတာတွေ ​တင်ပြတာပေါ့၊ ​တွေ့ဆုံဆွေးနွေးဖို့ ​သူတို့ ​နယ်မြေတွေမှာ ​ဖြစ်နေတဲ့ ​ကိစ္စတွေပေါ့၊ ​အခု ​လက်ရှိ ​တိုက်ပွဲတွေ ​အဓိက ​ရှင်းပြတာပေါ့၊ ​ပြည်နယ် ​တစ်ချို့ကလည်း ​ပြောတယ် ​သူတို့ ​ပြည်နယ်တွေရဲ့ ​ကိုယ်ပိုင်အုပ်ချူပ်ရေးရ ​ဒေသတွေက ​အမတော်ကြေးရတယ်ပေါ့၊ ​နောက်ပြီးတော့ ​ရေခမ်းခြောက်ကုန်ပြီး ​ဆည်တွေ ​များများ ​ဆောက်ပေးဖို့ ​အဲ့ဒါတွေတော့ ​ပါတာပေါ့ဗျား။”

သမ္မတ ​ဦးသိန်းစိန် ​ကတော့ ​မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲရေး ​လုပ်ငန်းစဉ်တွေနဲ့ ​ငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်တွေမှာ ​အစိုးရနဲ့ ​ပူးပေါင်းဆောင်ရွက်ဖို့ ​ဖိတ်ခေါ်ခဲ့ပြီး ​တိုင်းရင်းသားဒေသတွေမှာ ​တိုက်ပွဲတွေဖြစ်ပေါ်နေတာတွေကို ​အမြန်ဆုံးရပ်စဲအောင် ​ဆောင်ရွက်ပေးမယ်လို့ ​ပြောဆိုခဲ့ကြောင်း ​ဦးခွန်ထွန်းဦးက ​ဆက်ပြောပြပါတယ်။

“တင်ပြတာအားလုံးတော့ ​သူကတော့ ​အထူးသဖြင့် ​လုံခြုံရေးကိစ္စတွေမှာ ​တိုက်ပွဲတွေ ​ဘာတွေဖြစ်တာ ​သူက ​ရပ်စဲအောင်တော့ ​သူအမြန်ဆုံး ​လုပ်ပေးမယ်လို့ ​သူပြောတာပဲ။ ​ဘယ်တော့လုပ်မလဲတော့ ​မသိဘူး၊ ​လယ်ယာမြေ ​သိမ်းတဲ့ ​ကိစ္စတွေ၊ ​နောက်ပြီးတော့ ​တချို့မှာ ​မြို့နယ်မှာ ​အားနည်းချက် ​ရှိတာတွေပေါ့၊ ​တိုင်းရင်းသား ​ကိစ္စကလည်း ​မပြီးဘူးဖြစ်နေတာကိုး၊”
ဒီဆွေးနွေးပွဲကို ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချူပ် ​NLD ​ပါတီကို ​ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ခြင်းမရှိဘူးလို့ ​သိရတဲ့အကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: