Sunday, May 5, 2013

လူငယ်တဦးက အိမ်ထောင်ရှင်မ ထိုးသတ်

khonumthung

ချင်းပြည်နယ်မတူပီမြို့နယ် စဘောင်းသဲရွာတွင် ယခုလ ဧပြီ ၉ ရက်နေ့ နံနက် ၃း၀၀ နာရီခန့်က အိမ်ထောင်ရှင်မ Pi Cheda ( ၄၅ နှစ်) ဆိုသူ အား လူငယ် တဦးက ထိုးသတ်လိုက်သည်။

တရားခံသည် တခါတလေ စိတ်ဖောက်ပြန်တတ်သူ စဘောင်းပီရွာသား Chithah ဆိုသူဖြစ် ပြီး သေ ဆုံးသူ ၀မ်းဗိုက်တွင် ကတ်ကြေးဖြင့် သုံးချက်တိတိ ထိုးခဲ့ကြောင်း အမှုဖြစ်ပွားပြီး နံနက် ၉ နာရီခန့် တွင် သေဆုံး သွားခြင်းဖြစ်ကြောင်း ပြောကြသည်။

“တရားခံက အရက်ကြောင့် စိတ်ဖောက်လေ့ရှိတယ်၊ အခု အမှုမကျုးလွန်ခင်မှာ သူ့ကို လာသတ် မည့် သူတွေကို ပြန်သတ်မယ်ဆိုပြီး ယခုလို ထိုးသတ်လိုက်တာပါ” ဟု မျက်မြင်တဦးက ပြောသည်။

သေဆုံးသူ Pi Cheda သည် စဘောင်းပီတွင် အိမ်ထောင်ကျပြီး စဘောင်းသဲ ရွာတွင် ဆေးကု သခံနေသူ ၄င်း၏ဆွေမျိုးထံ သွားရောက် ကြည့်ရှုစဉ် ယခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ ရခြင်းဖြစ်ကြောင်း တရားခံ Chithah သည်လည်း ၄င်း၏ စိတ်ဖောက်ပြန်နေသည့် အပေါ် ဆေးဝါး ကုသရန် စဘောင်းသဲတွင် ရောက်ရှိစဉ် ယခုလို ပြစ်မှု ကျုးလွန်ခဲ့ခြင်းဖြစ်သည်။

တရားခံအား လိုင်လင်းပီ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း နှင့် မှုခင်း စစ်ဆေးရန်အတွက် မတူပီမြို့နယ် ဆရာ ၀န်၊ မြို့နယ်ပြည်သူ့ရဲမှူးကိုယ်တိုင် မှုခင်း ဖော်ထုတ်ရန် စဘောင်းသဲရွာသို့ ဧပြီလ ၁၀ ရက်နေ့က ချက်ချင်း လိုက်သွားကြောင်း သိရသည်။

သေဆုံးသူ၏ ယောက်ျားသည် မရာ ဘာသာရေးအသင်းတော်ရုံးချုပ် ၀န်ထမ်းတဦးဖြစ်ပြီး သေဆုံး သူသည်လည်း စဘောင်းပီရွာ ဘာသာရေးအမျိုးသမီးအသင်းတော်လူကြီး တဦးဖြစ်ကြောင်း ပြောကြသည်။

No comments: