Sunday, May 12, 2013

ဒုက္ခသည် ၇ ဦးကို အစိုးရ နယ်ခြားစောင့်တပ်မှ ဖမ်းဆီးသွား

KNG

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ချီဖွေ-လောခေါင်ဇုံနယ် မြန်မာ-တရုတ်နယ်စပ် မှတ်တိုင်အမှတ် (၆) ဖရဲ (Hpare) စစ်ပြေးဒုက္ခသည်စခန်းမှ ဒုက္ခသည် ၇ ဦးကို မေလ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ပန်ဝါအထူး နယ်ခြားစောင့်တပ် (Border Guard Force) မှ ဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးသွားသော ဒုက္ခသည်များသည် ဦး ယိန်းဆောင်၊ ဦး ဂျူံးဘောမ်၊ ဦး ယိန်းချန်း၊ ဦးယိန်းတိန်းချန်း၊ ဒေါ်ဆောင်ဘောမ်စဲ၊ ဦး ယိန်းတိန်းနုတ်နှင့် ဦး ဘောမ်တိန်း တို့ဖြစ်ပြီး ၎င်းတို့ကို ပန်ဝါအထူးပြည်သူ့စစ် (BGF) လဂွေချန်းယိန်း နှင့် ဖရဲ (Hpare) ဘောမ်ယိန်းဘောမ်တို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

စစ်ပြေးဒုက္ခသည်စခန်းမှ ၇ ဦးသည် မှတ်တိုင်အမှတ် (၈) ဖီမှော် (Hpyi Maw) ရွာအနီးသို့ ဝါးခုတ် နေ့စားသွားချိန် ပန်ဝါအထူးပြည်သူ့စစ် (BGF) များသည် တရုတ်ပြည်ဘက်မှဖမ်းပြီး ပန်ဝါဘက်သို့ ဖမ်းသွားကြောင်း အမည်မဖော်လိုသူ စစ်ဗိုလ်ကြီးတဦး KNG ကချင်သတင်းဌာ သို့ပြောသည်။

“ဒုက္ခသည်တွေက တရုတ်ပြည်သို့သွားပြီး ပိုက်ဆံရှာတာ။ နေ့တိုင်းသွားတဲ့သူတွေရှိတယ်။ အိမ်ပြီးသွားတဲ့ သူတွေလဲရှိတယ်။ ဖရဲ စစ်ပွဲ မဖြစ်တာ ၄ လ လောက်ရှိပြီ ဆိုတော့ သူတို့အပြင်ထွက်ပြီးတော့ ပိုက်ဆံရှာမယ် ဆိုပြီး ခွင့်တောင်းတော့ ခွင့်ပြုထားတယ်။ သူတို့က ရွာလဲပြန်လာတယ် ဒုက္ခသည် စခန်းမှာ လဲပြန်လာကြတယ်။ ဝင်ဝင်ထွက်ထွက်အချိန်ဖြစ်တယ်။”

လဂွေ (Lagwi) ရွာသားများသည် BGF ပြည်သူ့စစ်တပ်ဖွဲ့ တွင်ရှိပြီး၊ ဖရဲ (Hpare)တွင်ရှိသော ရွာသားများသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) လူအဖြစ်သတ်မှတ်ပြီး လဂွေကျေးရွာသားများသည် BGF များရှေ့တွင် မျက်နှာသာရရှိရန် ဖမ်းဆီးခြင်းဖြစ်ကြောင်း KIA ဗိုလ်မှူး တဦးသုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၁၂ မေလနှင့် သြဂုတ်လတွင် ဖရဲ (Hpare)ရွာသား ၃ ဦးကို တရုတ်ပြည် စုချီ (Suji)ရွာမှ BGF ပြည်သူ့စစ်တပ်ဖွဲ့မှ ၎င်း ၃ ဦးကို KIO လူအဖြစ်စွပ်စွဲပြီး ဖမ်းဆီးခဲ့ပြီး ယခုချိန်ထိ ပန်ဝါတွင် မြန်မာအစိုးရမြို့နယ်ခွဲရုံး တွင် ဖမ်းဆီးထားကြောင်းသိရသည်။

၂၀၁၂ သြဂုတ်လတွင် KIA စစ်ပြေးဒုက္ခသည် စခန်း အမှတ်တိုင် (၆) ဖရဲ (Hpare) စစ်ပြေးစခန်းရှိ ဒုက္ခသည်များကို ဦး စခုန်တိန့်ယိန်း (BGF သို့ တပ်ပြောင်းသော ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ခေါင်းဆောင်) ကိုယ်တိုင်လာရောက်ခေါ်သော်လည်း ၎င်းဒုက္ခသည်များ လိုက်သွားခြင်း မရှိခြင်းကြောင်း သိရသည်။

ဒုက္ခသည်စခန်းတွေ ဒုက္ခသည် ၉၇၀ ကျော်ရှိပြီး စစ်ပွဲရပ်ဆိုင်းနေချိန် စခန်းအနီးရှိ တရုတ်ပြည် စုဂျီကျေးရွာသို့ နေ့စား သွားလုပ်ကြောင်းသိရသည်။

၎င်းဒုက္ခသည်စခန်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ အစားအသောက်များ အဓိက ကူညီပေးပါသည်။

No comments: