Sunday, May 12, 2013

ဗိုလ်ကြီးဟောင်း နေမျိုးဇင် အပေါ် ထောင်ကြွေးကျန် ချမှတ်မှု SNLD ပြင်းထန်စွာ ကန့်ကွက်

Kawli

နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပြီးခဲ့တဲ့ မေလ ရက်နေ့က ထောင်ဒဏ် ၃ လ ချမှတ်ခံလိုက်ရပြီးနောက် ထောင်ဒဏ်ကြွေးကျန် ထပ်မံကျခံစေရန် အမိန့်ချမှတ်ခံရတာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က ပြင်းထန်စွာ ကန့်ကွက်လိုက်ကြောင်း ကြေညာချက်ကို ယနေ့ မေလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အခုလို ဆောင်ရွက်လိုက်တာဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် ဆောင်ရွက်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပေါ် များစွာ အကျိုးသက်ရောက်မှု ရှိစေပြီး အပြုသဘောဆောင်တဲ့ နိုင်ငံရေး ဆောင်ရွက်ချက်များ အပေါ်တွင်လည်း ထိခိုက်မှုများ ရှိလာနိုင်ကြောင်း အဆိုပါ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ယခင် စစ်အစိုးရ လက်ထက်တုန်းက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဟာ ၂၀၁၁ ခုနှစ် တုန်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။ အခု ၂၀၁၃ ခုနှစ်မှာ အသရေဖျက်မှုနဲ့ ထောင်ဒဏ် ၃ လ ကျခံစေရန် ပန်းတနော် တရားရုံးက အမိန့်ချခဲ့ပြီး မအူပင် ထောင်သို့ အရောက်မှာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အမိန်နဲ့ ပုဒ်မ ၄၀၁ (၁) အရ ယခင် ပြစ်ဒဏ်ဟောင်းများကို ပြန်လည်ကျခံစေခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် အပါအဝင် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

1 comment:

Anonymous said...

SNDL ကကောင်တွေက ပုဒ်မ ၄၀၁ ဆိုတာ ဘာမှန်းတောင်မသိတဲ့ကောင်တွေ လဒူတွေ