Wednesday, May 28, 2014

ကိုယ်ပိုင်ကားဖြင့် ခရီးဝေးသွားသူများ တစ်ရက်သာ အကျုံးဝင်သည့် ခရီးသွား အာမခံ ယခုနှစ်အတွင်း ၀ယ်ယူနိုင်မည်

ဖြိုး

အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများသာမက ကိုယ်ပိုင်ကားဖြင့် ခရီးဝေးသွားလာသူများအတွက် ခရီးသွားအာမခံဝယ်ယူ နိုင်စေရန် ယခုနှစ်အတွင်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။ အဆိုပါ ခရီးသွား အာမခံသည်ဝယ်ယူသည့် တစ်ရက်သာ အကျုံးဝင်သည်။

“အကယ်၍ တစ်ရက်အတွက် အာမခံဝယ်ထားဆိုရင် တစ်ရက်ကျော်ပြီး၊ နှစ်ရက်ကို ရောက်သွားတာနဲ့ မလျော်တော့ပါဘူး။ အဲဒီတွက် နှစ်ရက်သွားရင် နှစ်ရက်စာဝယ်ယူတာပိုကောင်းပါတယ်” ဟု ၎င်းက ရှင်း ပြသည်။

ကိုယ်ပိုင်ကားနှင့် ခရီးဝေးသွားမည့် ခရီးသွားများအတွက် မောင်းနှင်အသုံးပြုမည့် ကားနံပါတ်၊ သွားမည့် ရက်စွဲ၊ ခရီးစဉ်၊ ယာဉ်မောင်းအမည်၊ မှတ်ပုံတင်နှင့် ခရီးသည်ဦးရေတို့ကို စာရင်းပေးကာ တစ်ရက်စာခရီး သွားအာမခံဝယ်ယူနိုင်မည်ဖြစ်သည်။ သို့သော်အဆိုပါ အာမခံသည် တစ်ရက်စာအတွက်သာ အကျုံးဝင် သဖြင့် သွားလာမည့်အချိန်နှင့်နေ့ရက်ကိုတွက်ချက်ကာ ရက်အလိုက်ဝယ်ယူခြင်းသည် ပိုမိုသင့်တော်ပြီး အကယ်၍ယာဉ်မတော်တဆမှုကြုံတွေ့ဖြစ်ပွားခဲ့ပါက ရက်အလိုက် ၀ယ်ယူထားသည့်အာမခံဖြင့်သာ အာမ ခံ လျော်ကြေးကို ပေးလျော်မည် ဖြစ်သည်။

“အခုလောလောဆယ်တော့ခရီးသည် တင်ကားကြီးတွေကို အထူးခရီးသွား အာမခံအတွက် အလျင်မီ အောင် အရင်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ နောင်မှာတော့ ကိုယ်ပိုင်ကားနဲ့သွားရင်လည်း ခရီးသွား အာ မခံဝယ်လို့ရအောင် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ သိပ်မကြာပါဘူး။ ဒီနှစ်ထဲမှာ အကောင်အထည် ဖော်နိုင်မှာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ အာမခံလုပ်ငန်းကို ခရီးသွားများက စိတ်ဝင်တစားရှိလာပါက၂၄နာရီလုံးဝယ်ယူနိုင်ရန်စီစဉ်ပေး သွားမည်ဖြစ်ပြီး မြန်မာ့အာမခံလုပ်ငန်း၌သာမက သွားမည့်ခရီးလမ်းကြောင်းရှိ တိုးလ်ဂိတ်များ၊ ဓာတ်ဆီ ဆိုင်များ၊ ခရီးသွားအများစု နားနေစားသောက်သည့် စားသောက်ဆိုင်ကြီးများတွင် ၎င်းအာမခံကို ရောင်းချ ပေးနိုင်ရန်အတွက် အစီအစဉ်များပြုလုပ်သွားမည် ဖြစ်သည်။

၎င်းခရီးသွားအာမခံကို တစ်ဦးလျှင် ၃၀၀ ကျပ်ဖြင့် (တရက်စာ) ၀ယ်ယူနိုင်မည် ဖြစ်ပြီး ကနဦးအဖြစ် ယာဉ် မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အမြန်လမ်းမကြီးတွင် သွားလာသည့်ခရီးစဉ်များကို ဦးစား ပေး စီစဉ်ပေးသွားမည်ဖြစ်သည်။ ခရီးသွားအာမခံဝယ်ယူထားပြီး ယာဉ်မတော်တဆမှုဖြစ်ပွားပါက အကယ်၍သေ ဆုံးလျှင် ကျပ်သိန်း ၃၀၊ ဒဏ်ရာရလျှင် မြန်မာ့အာမခံလုပ်ငန်းမှ သတ်မှတ်ထားသည့် ဒဏ် ရာဖြစ်စဉ်အမျိုးအစားအလိုက် ၈၅ ရာခိုင်နှုန်းအထိ အများဆုံးပေးလျော်သွားမည်စာရွက်စာတမ်းမှန်ကန် ပြည့်စုံပါက ဖြစ်စဉ်ဖြစ်ပြီး အလွန်ဆုံးသုံးရက် အတွင်းပေးလျော်သွားမည်ဖြစ်သည်။

No comments: