Thursday, May 29, 2014

မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အထောက်အပံ့ပေးဖို့ အမေရိကန်စောင့်ကြည့်နေ

စုမြတ်ဝေ

အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် ထာဝရငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ခိုင်မာအောင် မှန်မှန်ကန်ကန်နှင့် မဆုတ်မနစ် ထောက်ပံ့ပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်ကတဆင့် ကတိပြုခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲလ်က မေလ ၂၇ရက် နံနက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးရုံးဟောင်းရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဗဟိုဌာနက ဦးစီးပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်က မြန်မာရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေပေါ်မှာ အထောက်အပံပေးဖို့ ကြည့်နေတာပါ။ တင်းတင်းကျပ်ကျပ် မောင်းနှင်းဖို့ မဟုတ်ပါဘူး။ ဒီနိုင်ငံ အနာဂတ်ကို နိုင်ငံရဲ့ လူမျိုးပေါင်းစုံကသာ ဖန်တီးနိုင်တာပါ” ဟု ဒဲရစ်မစ်ချဲလ်က ဆိုသည်။

“အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားသော မြန်မာ၏ အခန်းကဏ္ဍနှင့် အမေရိကန် မြန်မာ နှစ်ဦးနှစ်ဖက်ဆက်ဆံရေး” ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

No comments: