Friday, May 30, 2014

“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ရွေးကောက်ပွဲကော်မရှင်သို့ ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ပြောဆို

စိုးသန်းလင်း

တပ်မတော်ကို ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံရန် လူသိရှင်ကြားတိုက်တွန်းပြောဆိုနေသည့် ဒေါ်အောင် ဆန်းစုကြည်၏ ဟောပြောမှုများသည် အခြေခံဥပဒေကို ကျော်လွန်နေသည်ဟူ၍ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က သတိပေးလာခေင်းအပေါ် မိမိသည် မည်သည့်အခါကမျှ ဥပဒေကို ချိုးဖောက်သူမ ဟုတ်ဟု ကာယကံ ရှင်က မေ ၂၈ ရက်တွင် တုံ့ပြန်လိုက်သည်။

“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ဒေါ်အောင်ဆန်း စုကြည်က ယနေ့စတင် သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်း အဝေးမစတင်မီ မဇ္ဈိမ၏ မေးမြန်းမှုကို ယင်း သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

တပ်မတော်သည် အာဏာမက်မောသော အဖွဲ့အစည်းမဟုတ်သည်ကို ဖွဲ့စည်း ပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးကို ထောက်ခံခြင်းဖြင့် သက်သေထူကြပါဟု မေ ၁၈ ရက် မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်း တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆို ချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေး ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင် ကိုယ်စား အတွင်းရေးမှူး ဦးတင်ထွန်း၏လက်မှတ်ဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သည့်စာတွင် “ ကျွန်တော်တို့ဟာ အာဏာမက်မောလို့၊ အထူး အခွင့်အရေးမက်မောလို့ လုပ်နေတာမဟုတ်ဘူးဆိုတာ သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင် ပါ တယ်။တိုက် တွန်းချင်တယ်ဆိုတဲ့စကားဟာ တစ်နည်းအားဖြင့်ပြောရရင် စိန်ခေါ်မှုလို့လဲပြောလို့ ရပါတယ်။ ကျွန်မစိန်ခေါ်ပါတယ်” ဟု သူ၏ အောင်ပင်လယ်မိန့်ခွန်းသည် ဥပဒေနှင့် မညီဟု ပါဝင်သည်။

ထို့ကြောင့် “ဥပဒေကို လူထုနားလည် အောင်ရှင်းလင်းပွဲများပြုလုပ်မှုသည် ရည်ရွယ်ချက်ကောင်းသော် လည်း အခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်ကဥပဒေ နှင့်အညီ ပြင်ဆင်ခြင်းမပြုနိုင်သေးမီ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်တွင်းပါဝင်နေသော တပ်မတော် သားကိုယ်စားလှယ် များအား ယင်းကဲ့သို့ထောက်ပြပြောကြားမှုသည် ဥပဒေကိုကျော်လွန်ရာရောက်သဖြင့် သတိပြုဆောင်ရွက် ကြရန်” ဟူ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကိုသတိပေးခြင်းဖြစ် သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား(၄) ကတိ သစ္စာပြုထားသည့် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး အင်န်အယ်လ်ဒီပါတီ သည်လည်း နိုင်ငံရေးပါတီထူထောင်ခွင့် နှင့် လျှောက်ထားစဉ်ကတည်းက လိုက်နာရန် လက်မှတ်ရေးထိုးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၆ ပါ ပြဋ္ဌာန်းချက်များကို သတိပြုဆောင်ရွက်သင့်သည်ဟုလည်း အကြောင်းကြားစာတွင် ပါဝင်သည်။

ရွေးကောက်ပွဲကော်မရှင်က ရည်ညွှန်းသည့် ပုဒ်မ-၆ သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံမှုအခန်း၌ရှိပြီး တို့တာဝန်အရေးသုံးပါးနှင့်အတူ ပုဒ်မ ခွဲ(စ)တွင် “နိုင်ငံတော်၏အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်” ဟူ၍ ပြဋ္ဌာန်းထားသည်။

No comments: