Saturday, May 31, 2014

မုံရွာမြို့ ပြည်ခိုင်ဖြိုးပါတီ ရုံးဝင်းအတွင်းမှ ဆိုင်ကယ်ခိုးယူခံရ

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒ၀န်ရပ်ကွက်၊ တိုင်းပြည်ခိုင်ဖြိုးပါတီ ရုံးဝင်းအတွင်း ဇက်သော့ခတ်၍ ထားရှိသော ဆိုင်ကယ်တစ်စီး ၀င်ရောက်ခိုးယူခြင်းခံရသော ဖြစ်စဉ်တစ်ခု မေ ၂၄ ရက် မွန်းလွဲ ၁၂ နာရီအချိန်က ဖြစ်ပွားခဲ့သည်ဟု မုံရွာနယ်မြေရဲစခန်းက ထုတ်ပြန်ထားသည်။

တိုင်းပါတီရုံးဝင်းအတွင်း ၀င်ရောက်ခိုးယူခြင်းခံရသော ဆိုင်ကယ်ပိုင်ရှင်မှာ တိုင်းပြည်ခိုင်ဖြိုးပါတီ အငယ် တန်းစာရေးဝန်ထမ်း ဦးဇားပေါ့ဆိုသူ ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ပျောက်ဆုံးသွားသည့် ဆိုင်ကယ်မှာ Dream 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်ဖြစ်သည်။ ၎င်းဆိုင် ကယ်ကို မေလ ၂၄ ရက် ညက ပါတီဝန်ထမ်းအိမ်ရာ တိုက်ခန်းရှေ့တွင် ဇက်သော့ခတ်၍ ရပ်ထားခဲ့ခြင်းဖြစ် ပြီး နောက်တစ်နေ့ နံနက် ၂၅ ရက် အိပ်ရာထချိန်တွင် ၎င်း၏ ဆိုင်ကယ်ပျောက်ဆုံးနေသည့်အတွက် ရဲစခန်း သို့ သွားရောက် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်ကြားချက်ကို မုံရွာနယ်မြေ ရဲစခန်းက(ပ)၂၀၈/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၉ (ဆိုင်ကယ်)အရ အမှုဖွင့် လက်ခံပြီး အမှုစစ်ရဲအရာရှိ ဒု-ရဲအုပ် ရဲအောင်က စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

No comments: