ABC
ပုသိမ်မြို့နယ်နဲ့ ဓနုဖြူမြို့နယ်တွေမှာ ကြွက် အစုလိုက်အပြုံလိုက် သေဆုံးမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့နယ် ရှောပြား ကျေးရွာ အနီး တ၀ိုက်မှာ ကြွက်အကောင် ၆၀၀ လောက် သေဆုံး နေသလို ဓနုဖြုမြို့နယ်က ရွာနှစ်ရွာ မှာလည်း ကြွက်သေကောင် ၄၀၀ လောက် ကို တွေ့ ရကြောင်း ဒေသခံ တွေက ဆိုပါတယ်။
အခုလို ကြွက်တွေ အစုလိုက် အပြုံလိုက် သေဆုံးမှုတွေကြောင့် ကြွက်သေကောင်တွေကနေ ရောဂါတွေ ကူးစက် ဖြစ်ပွားမှာကို စိုးရိမ်တဲ့အတွက် ပုသိမ်မြို့နယ်ထဲမှာ ကျောင်းအပ်လက်ခံ တာတွေကိုလည်း သတ်မှတ် ရက် ကနေ ရွှေ့ဆိုင်းခဲ့ ရကြောင်း လည်း ပုသိမ်မြို့နယ် ရှောပြား အထက်တန်း ကျောင်းခွဲက ကျောင်းအုပ်ကြီးက ပြောပါတယ်။
တိုင်းကျန်းမာရေး အထူးရောဂါ နှိမ်နှင်း ရေးဌာနကတော့ အဲဒီလို ကြွက်တွေသေဆုံး ခဲ့တာဟာ ရောဂါကြောင့် သေဆုံးတာ မဟုတ်ဘဲ ရာသီဥတုပူပြင်းမှုနဲ့ အစာ အာဟာရ ပြတ်လတ် မှုကြောင့် သေဆုံး ခဲ့တယ်လို့ ယူဆကြောင်းပြောပါတယ်။
ပုသိမ်မြို့နယ်၊ ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေး ကြီးကြပ်အဆင့် (၁) ဦးသောင်းတင်ရဲ့ ပြောပြချက် အရကတော့ အဆိုပါ ကြွက်သေတွေထဲက သုံးကောင်ကို ရန်ကုန် အမျိုးသား ဓာတ်ခွဲခန်းကို ပို့ဆောင် စစ်ဆေးခဲ့ပြီး ပုလိပ်ရောဂါမတွေ့ရှိရဘူးလို့ ပြန်ကြားလာကြောင်း၊ အဆိုပါကြွက်တွေဟာ အစာအဆိပ်သင့်တာတွေဖြစ်နိုင်တယ်လို့ ယူဆရကြောင်း ပြောပါတယ်။
ဒါပေမယ့် ဒေသခံတွေကတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အခုလို ကြွက်ကောင်ရေရာနဲ့ချီပြီး တပြိုင်နက် သေဆုံးတာမျိုး မရှိခဲ့ဘူးလို့ပြောကြတဲ့အကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။
No comments:
Post a Comment