Wednesday, May 28, 2014

ဂျပန်စစ်ဦးစီးချုပ်နဲ့ မြန်မာ စစ်ဦးစီချုပ်တို့ တွေ့ဆုံ

ဂျပန်ကာကွယ်ရေး ​ဦးစီးချုပ် ​ဗိုလ်ချုပ် ​Shigeru ​Iwasaki ​ဟာ ​မြန်မာ့ကာကွယ်ရေး ​ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင် ​နဲ့ ​နေပြည်တော်မှာ ​မနေ့က ​တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ ​ဒုတိယ ​ကမ္ဘာစစ် ​အပြီး ​ဂျပန်ရဲ့ ​အဆင့် ​အမြင့်ဆုံး ​စစ်ဦးစီးချုပ်တဦး ​အနေနဲ့ ​ပထမဆုံး ​အကြိမ် ​မြန်မာနိုင်ငံကို ​လာရောက်တဲ့ ​ခရီးစဉ်ဖြစ်ပါတယ်။

ဂျပန်ကာ ​ကွယ်ရေး ​ဦးစီးချုပ် ​ဟာ ​ဒီကနေ့မှာ ​မြန်မာ ​သမ္မတ ​ဦးသိန်းစိန်နဲ့လည်း ​တွေ့ဆုံဖို့ရှိပါတယ်။

မြန်မာနဲ့ ​ဂျပန်အကြားမှာ ​စစ်ရေး ​ဆိုင်ရာ ​ပူးပေါင်း ​ဆောင်ရွက်မှုတွေ ​မရှိခဲ့တာဟာ ​ဂျပန်ဖက်စစ် ​တွေ ​မြန်မာနိုင်ငံကို ​၃ ​နှစ်တာ ​၀င်ရောက်ခဲ့တဲ့ ​၁၉၄၅ ​နောက်ပိုင်း ​ကတည်းက ​ဖြစ်ပါတယ်။

၂၀၁၃ ​ခုနှစ် ​မေလတုန်း ​ကလည်း ​ဂျပန်ဝန်ကြီးချုပ် ​ရှင်ဆိုအာဘေ ​မြန်မာနိုင်ငံကို ​ရောက်လာခဲ့တဲ့ ​ခရီးစဉ်ကတော့ ​၁၉၇၇ ​ခုနှစ်နောက်ပိုင်း ​ဂျပန်နိုင်ငံ ​ခေါင်းဆောင် ​တဦး ​မြန်မာ့မြေပေါ် ​လာရောက် ​မှုပဲ ​ဖြစ်ပါတယ်။

ဂျပန်နဲ့ ​မြန်မာ ​အကြားမှာ ​ကုန်သွယ်ရေး ​ပူးပေါင်း ​ဆောင်ရွက်မှုတွေ ​အများအပြား ​ရှိပြီး ​မြန်မာက ​ဂျပန်ကို ​တင်ရှိနေတဲ့ ​ကြွေးမြီ ​ယမ်း ​ဘီလီယံ ​၅၀၀ ​ထဲကနေ ​ဘီလီယံ ​၃၀၀ ​ဒေါ်လာနဲ့ဆိုရင် ​၃ ​ဘီလီယံ ​ကို ​ဂျပန်က ​လျှော်ပေးခဲ့ပါတယ်။

No comments: