ဝင်းကိုကိုလတ်
ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းနှစ်ခု၏ ပြဿနာများကို အဖြေရှာရာတွင် အခေါ်အဝေါ်ထက်(Terminology) သဟဇာတဖြစ်ရေးကို ဦးတည်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ပြောကြားသည်။
၎င်းက ''အဓိက ကတော့ အမည်နာမ (Terminology) ထက် လူသားချင်းစာနာရေးအထောက်အပံ့တွေ၊ ဖွံ့ဖြိုးမှု အထောက်အပံ့တွေက အရေးကြီးပါတယ်" ဟု ဆိုသည်။
"ဒါမှသာ နှစ်ဖက်လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေးကို ဦးတည်ပါမယ်" ဟု ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၂ရက်က သတင်းစာရှင်းလင်းပွဲတွင်လည်း ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ လူနည်းစုအား ရိုဟင်ဂျာဟု သုံးနှုန်းခဲ့သည့်အပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပေးစာပေးခဲ့သည့် ကိစ္စအား သတင်းထောက် တစ်ဦးက မေးမြန်းခြင်းကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ကုလအနေဖြင့် နှစ်ဖက်လူ့အဖွဲ့အစည်းအတွက် စိုးရိမ်မိကြောင်း၊ ယင်းတို့သည် နှစ်ပေါင်းများစွာ အထီးကျန်မှုဖြင့် နေထိုင်ခဲ့ရသည့်အတွက် ငြိမ်းချမ်းစွာဖြေရှင်းနည်းဖြင့်သာ ဖြေရှင်းရမည်ဟုလည်း ပြောကြားသည်။
၎င်းက '' ငြိမ်းချမ်းစွာသာဖြေရှင်းနိုင်မယ်၊ လူသားချင်းစာနာတဲ့အကူအညီဖွံ့ဖြိုးမှု အကူအညီတွေကို လိုအပ်တဲ့ သူတိုင်းကိုပေး ရမယ်၊ နှစ်ဖက် ကြောက်ရွံ့မှုတွေကို ရိုဟင်ဂျာ ဘင်္ဂါလီ ခေါ်ခေါ်'' ဟု ဆိုသည်။
ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၏ ပေးစာတွင် နိုင်ငံတကာ အဖွဲ့အစည်းများက ရိုဟင်ဂျာဆိုသည့် စကားလုံးကို အသုံးပြုရန် အဆက်မပြတ် ကြိုးစားခြင်းသည် ရခိုင်ပြည်နယ်အတွက်လိုအပ်သော အကူအညီများကို ပေးအပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် MSF ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် ဒေသခံများ၏ သံသယရှိမှုကို ပိုမိုကြီးမားစေမည်ဟု ဟုဆိုသည်။
No comments:
Post a Comment