Saturday, November 29, 2014

အောင်လံတရားရုံးကို ချင်းတိုင်းရင်းသားများ ဆန္ဒပြမည်

မှူး (အောင်လံ)

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် တရားရုံးအား အောင်လံမြို့နယ် မဲကန်အုပ်စု၊ ငမဲကန်ကျေးရွာမှ ချင်းတိုင်းရင်းသားများက တရားဥပဒေစိုးမိုးရေးနှင့် ချင်းတိုင်းရင်းသားများ အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် ဒီဇင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် ကုသိနာရုံ ဘုရားကြီးရှေ့မှ စတင်ကာ ဆန္ဒထုတ်ဖော်မည် ဖြစ်သည်။

"ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို မြို့နယ်ရဲတပ်ဖွဲ့ကို နိုဝင်ဘာ၂၁ ရက်နေ့က စာတင်ပြီးပါပြီ။ အောင်လံမြို့နယ် တရားရုံးမှာ ပုဒ်မ ၄၂၇/၄၄၇ တို့နဲ့ စွဲဆိုထားတဲ့အမှုအတွက် တရားဥပဒေစိုးမိုးရေး ချင်းတိုင်းရင်းသားများ အခွင့်အရေး အပြည့်အဝရရှိရေး ငွေများလျှင် တရားနိုင်သောစနစ် ပျောက်ရေး၊ မတရားသောအမှုများ ပပျောက်ရေးအတွက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်" ဟု ဦးဆောင်သူ ဦးအေးငွေက မဇ္ဈိမကို ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ချင်းတိုင်းရင်းသား ၅၀ ကျော်က ကုသိနာရုံမုဒ်ဦးရှေ့မှ ပြည်လမ်း ၁၁ လမ်းနှင့် ကမ်းနားလမ်း မြို့နယ်တရားရုံးရှေ့ထိ ဆန္ဒထုတ်ဖော်မည်ဟု ၎င်းက ပြောသည်။

No comments: