Saturday, November 29, 2014

ဇိမ်ခန်းများကို တိုင်းရဲမှူးကြီး ခရီးစဉ်အတွင်း လိုက်လံပိတ်သိမ်း

ဟင်္သာနီ (မွန်မြေ)

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးကြည်လင်း၏ နိုဝင်ဘာလ ၂၆ ရက် ကော့သောင်း ခရီးစဉ် အတွင်း ကော့သောင်းခရိုင်ရှိ ဇိမ်ခန်းများကို ဖျက်သိမ်းရန် ဒေသခံ ရဲအာဏာပိုင်များက အကြောင်းကြားခဲ့မှုကြောင့် ဇိမ်ခန်းများကို ဖျက်သိမ်းပေးခဲ့ရကြောင်း ဇိမ်ခန်းပိုင်ရှင်တစ်ဦးက အတည်ပြုပြော ကြားသည်။

၎င်းက “မနေ့ (နိုဝင်ဘာ၂၆ ရက်) ၂ နာရီ လောက်ကပေါ့။ ကော့သောင်း ခရိုင်နယ်ထိန်းခေါင်းဆောင် အောင်ဇော်မြင့်ထွန်းက နေပြီးတော့ ဖျက်ခိုင်းတယ်လို့ ရပ်ကွက်ထဲက တာဝန်ရှိလူတွေ လာပြောတော့ ဖျက်သိမ်းပေးလိုက်တယ်” ဟု ပြောသည်။

ထိုသို့ ဖျက်သိမ်းပေးရန် ရဲအာဏာပိုင်များ လိုက်လံသတိပေးနေသည်မှာ ကော့သောင်း ခရိုင်တစ်ခုလုံးရှိ ဇိမ်ခန်းများပါဝင်ကြောင်း အဆိုပါ ဇိမ်ခန်းပိုင်ရှင်က ဆက်ပြောသည်။

ယင်းသည် မိမိ၏ ခရီးစဉ်နှင့်သက်ဆိုင်မှုမရှိဟုဆိုပြီး ၎င်းင်းမှာ ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များသာ ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးကြည်လင်းက တုံ့ပြန်ပြောကြားခဲ့သည်။

ယင်းသို့ လုပ်ကိုင်ရန်ဒေသခံရဲများကို အခကြေးငွေပေးသွင်း၍ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပိုင်ရှင်များက ပြောသည်။ လက်ရှိတွင် ကော့သောင်းမြို့ရှိ ဇိမ်ခန်း၊ အနှိပ်ခန်းများကို ပိတ်သိမ်းထားကြသည်။

No comments: