Friday, November 28, 2014

ဒေါ်စုရဲ့ ဖိတ်ခေါ်ချက်ကို စစ်တပ်ကိုယ်စားလှယ် ငြင်းပယ်

ABC

အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချပ်ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​၆ ​ပွင့်ဆိုင် ​ဆွေးနွေးပွဲ ​မစတင်ခင်မှာ ​မြန်မာစစ်တပ်နဲ့ ​ညစာ ​စားပြီး ​အရင်တွေ့ဆုံဖို့ ​ကမ်းလှမ်းခဲ့ပေမယ့် ​မြန်မာ ​စစ်တပ်က ​မတွေ့နိုင်ဘူးလို့ ​တုန့်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ​တပ်မတော် ​လွှတ်တော် ​ကိုယ်စားလှယ် ​အယောက် ​၇၀ ​ကို ​ဖိတ်ကြားခဲ့တာ ​ဖြစ်ပေမယ့် ​အချိန်နီးကပ်လွန်းပြီး ​စီစဉ်ဖို့ ​ခက်ခဲတဲ့အတွက် ​နောက်တစ်ကြိမ်မှသာ ​တွေ့ဆုံဖို့ ​စစ်တပ်ကိုယ်စားလှယ်ဖက်က ​တုန့်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​မြန်မာစစ်တပ်ကို ​ပထမဆုံးအကြိမ် ​အခုလို ​ဖိတ်ကြားခြင်း ​ဖြစ်ပါတယ်။

သမ္မတ၊ ​ဒေါ်အောင်ဆန်းစုကြည်၊ ​စစ်ဦးစီးချုပ်၊ ​လွှတ်တော်ဥက္ကဌ ​နှစ်ဦးနဲ့ ​တိုင်းရင်းသား ​ခေါင်းဆောင် ​တစ်ဦးရဲ့ ​၆ ​ပွင့်ဆိုင် ​ဆွေးနွေးမှုကို ​ဒီကနေ့ ​ပြုလုပ်ဖို့ ​ရှိတယ်လို့လည်း ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

အရင်ရက်တွေတုန်းက ​တိုင်းရင်းသား ​ကိုယ်စားလှယ်အဖြစ် ​ဘယ်သူဘယ်ဝါမှန်း ​မသိရပေမယ့် ​မနေ့တုန်းကပဲ ​တိုင်းရင်းသား ​ပါတီတွေက ​လျို့ဝှက်မဲ ​စနစ်နဲ့ ​ရခိုင် ​ပါတီက ​ဒေါက်တာအေးမောင်ကို ​သူတို့ရဲ့ ​ကိုယ်စားလှယ်အဖြစ် ​ရွေးချယ် ​ခဲ့ကြပါတယ်။

ဒီ ​၆ ​ပွင့်ဆိုင် ​ဆွေးနွေးပွဲဟာ ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်ဖို့နဲ့ ​နိုင်ငံရေးအကြောင်း ​ဆွေးနွေးဖို့အတွက် ​ဖြစ်တယ်ဆိုပေမယ့် ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်ဖို့ဆိုတာ ​ဖြစ်နိုင်ချေ ​မရှိသလို ​လက်တွေ့လည်း ​မကျဘူးလို့ ​သမ္မတရဲ့ ​ပြောခွင့်ရ ​ပုဂ္ဂိုလ် ​ဝန်ကြီး ​ဦးရဲထွဋ်က ​RFA ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

No comments: